မြန်မာရွေ့လျား ပညာရေးစီမံကိန်း၏ စီမံချက် နေရာများဖြစ်သည့် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင် ၂ ဆိုင်၊ ရန်ကုန်မြို့တွင်းရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တစ်ကျောင်းနှင့် ပလတ်စတစ်ကောက် ကလေးငယ်များ၏ စခန်းတစ်ခုသို့ အဆိုပါ ကျောင်းသား၊ ကျောင်းသူများက လာရောက် သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။
ဟောင်ကောင်
ကျောင်းသား၊ ကျောင်းသူများသည် အုပ်စုနှစ်ခု ခွဲကာ လာရောက်မည်ဖြစ်ပြီး
ပထမအုပ်စုတွင် ကျောင်းသား ၁၃ ဦးနှင့် ပါမောက္ခတစ်ဦး ပါရှိကြောင်း ၎င်း၏
ပြောကြားချက်များအရ သိရသည်။
၎င်းတို့က အခြေခံအင်္ဂလိပ်စာ၊ ကိုယ်လက်သန့်ရှင်းရေး၊ လူမှုဆက်ဆံရေးနှင့် အခက်အခဲများ ဖြေရှင်းနည်းတို့ကို လက်တွေ့နှင့် အနီးစပ်ဆုံး သင်ကြားပေးမည် ဖြစ်ကြောင်း ဦးတင်မောင်မောင်အေးက ဆိုသည်။
ပညာရေး ဝန်ကြီးဌာနက ကျောင်းပြင်ပ ပညာရေးဌာနများ ဖွင့်လှစ်၍ သင်ကြားနေသော်လည်း စာသင်ကျောင်းများသို့ မလာရောက်သော ကလေးလုပ်သားတို့အတွက် လိုက်လံသင်ကြားသည့် လူမှုအဖွဲ့အစည်းများလည်း ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် ပေါ်ပေါက်လာသည်။
“ပညာရေးလုပ်တာ ငွေထက် ဆိုင်ရှင်တွေ လက်ခံအောင် ပြောရတာ၊ ကလေးတွေ ပညာသင်ရတဲ့ အကြောင်းကို နားလည်အောင် ရှင်းပြရတာ၊ စာသင်ပေးတဲ့အခါ ဆိုင်တွေရဲ့ အားလပ်ချိန်ကို ညှိရတာခက်တယ်” ဟု ဦးတင်မောင်မောင်အေးက ရှင်းပြသည်။
မြန်မာရွေ့လျား ပညာရေးစီမံကိန်းကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များတွင် အလုပ်လုပ်ကိုင်နေသော ကလေးလုပ်သားများ၏ ကျောင်းပြင်ပ ပညာရေးအတွက် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
Credit - Coko Demo

No comments:
Post a Comment