သြဂုတ်လ ၁၃ ရက်မှစ၍ မြန်မာနိုင်ငံမှစင်ကာပူ (Tuas) သို့ ဆက်သွယ်သော
အင်တာနက်ဆက်ကြောင်း၊ တယ်လီဖုန်း ဆက်ကြောင်းလိုင်းများ
ပြတ်တောက်မှုဖြစ်ပေါ်လျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်
နည်းပညာဝန်ကြီးဌာနမှ ကြေညာခဲ့သည်။ ချို့ယွင်းမှုကိုပြုပြင်ရန် ASEAN
RESTORER ရေအောက်ကေဘယ် ပြုပြင်ရေးသင်္ဘောဖြင့် ၂၁.၈.၂၀၁၄. ရက်နေ့မှ
စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပြုပြင်မှု အစီအစဉ်အရ ၁၆.၉.၂၀၁၄. ရက်နေ့တွင်
ပြီးစီး၍ ဆက်ကြောင်းများ ပြန်လည်ကောင်းမွန်မည်ဟု သိရှိရကြောင်း
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ကြေညာသည်။
မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံအကြား ချိတ်ဆက်ထားသည့် ရေအောက်ကေဘယ်
ချို့ယွင်းပြတ်တောက်မှု ဖြစ်ပေါ်ခဲ့သဖြင့် စင်ကာပူနိုင်ငံမှ
ချိတ်ဆက်သုံးစွဲထားသော ပြည်ပတယ်လီဖုန်းလိုင်း ၈,၆၃၂ လိုင်းနှင့်
အင်တာနက်လိုင်း ၆.၈၃ Gb တို့ ပြတ်တောက်လျက်ရှိကြောင်း သိရသည်။
Credit - Internet Journal
No comments:
Post a Comment