Monday, August 18, 2014

ဇမ္ဗူသီရိမြို့နယ် အမေ့အိမ် အခမဲ့ပညာသင်ကျောင်းကို နေပြည်တော်ကောင်စီ ၀င်ရောက်နှောင့်ယှက်

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်ရှိ အမျိုးသားဒီ မိုကရေစီ အဖွဲ့ချုပ် NLD ပညာရေးကွန်ရက် အမေ့အိမ် အခမဲ့ပညာသင် ကျောင်း ကို နေပြည်တော်ကောင်စီ က ၀င်ရောက်နှောင့်ယှက်မှုများရှိနေ သည်ဟု ၎င်းင်းမြို့နယ် ပြည်သူ့လွှတ် တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

အဆိုပါ အခမဲ့ပညာသင်ကျောင်း ကို ဇူလိုင်လအတွင်းက စတင်ဖွင့် လှစ်ခဲ့ကာ အစိုးရစာသင်ကျောင်းများ တွင် အချန်ပိုကြေး မပေးနိုင်သည့် ရွှေကြာပင်နှင့် သပြေကုန်းအနီးဝန်း ကျင်ရှိ ၈ တန်း၊ ၉ တန်း၊ ၁၀ တန်း ကျောင်းသား ၆၀ ခန့်ကို ပညာသင် ပေးနေသည်ဟု သူမကဆိုသည်။ သင် တန်းကျောင်းဖွင့်ပွဲ ကို ပြုလုပ်ခဲ့သည့် သြဂုတ်လ ၁၀ ရက်နောက်ပိုင်းတွင် နေပြည်တော်ကောင်စီမှ စတင်နှောင့် ယှက်ခဲ့ခြင်းဖြစ်ကြောင်းကိုလည်း ၎င်းင်း ကပြောသည်။

“ကျွန်မတို့က နိုင်ငံရေးသင်တန်း ပေးနေတာလည်း မဟုတ်ဘူး။ လက်နက် ကိုင်တော်လှန်ရေးလုပ်နေတာ လည်းမဟုတ်ဘူး။ အစိုးရနဲ့လိုအပ် နေတဲ့ ကွက်လပ်လေးကို ၀င်ဖြည့် ပေးတဲ့သဘောပါ။ မကူညီရင်နေပါ။ ဘာလို့ နှောင့်ယှက်ရတာလဲ” ဟု ဒေါ်စန္ဒာမင်းကပြောသည်။

အခမဲ့ပညာသင်ကျောင်းတွင် ဆ ရာ/မ ၇ ဦးရှိရာ အစိုးရ၀န်ထမ်း ၄ ဦး ပါဝင်သည့် ထိုစာသင်ပေးသည့် ၀န် ထမ်းများနှင့် မိသားစုဝင်များ ကို နေ ပြည်တော် ကောင်စီဝင် ဦးမျိုးညွန့်က မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် ဆ ရာ/မများကို စုံစမ်းခြင်း၊ သက်ဆိုင် ရာ ၀န်ကြီး ဌာနသို့ တိုင်ကြား၍ ညွှန် ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေး မှူးတို့ကတစ်ဆင့် ယင်း ၀န်ထမ်းများ အား ဖိအားပေးခြင်းများဖြင့် နှောင့် ယှက်နေကြောင်း ဒေါ်စန္ဒာမင်းမှ The Ladies သို့ ပြောကြားခဲ့သည်။

စာသင်ပေးသည့် ၀န်ထမ်းမိသားစုများကို ၀န်ထမ်းအိမ်ရာမှ နှင်ထုတ်မည် ဟူသည့် သတင်းများထွက်ပေါ် နေသဖြင့် စာလာသင်ပေးရန် ကြောက် ရွံ့နေကြကြောင်းလည်း ၎င်းင်းကဆို သည်။

စစ်ထက်အောင်

The Ladies News Journal

အတွဲ ၂ အမှတ်စဉ် ၂၆၊ သည်လေဒီးစ် နယူးစ်ဂျာနယ်။


No comments:

Post a Comment