ဧရာဝတီတိုင်းဒေသကြီးထဲက အစိုးရ ဌာနဆိုင်ရာတွေရဲ့ အလွဲသုံးစားမှုတွေကို
စစ်ဆေးတွေ့ရင် စာရင်းရုံးတွေက အရေးမယူနိုင်ဘူးလို့ တိုင်းဒေသကြီး
စာရင်းစစ်ချုပ် ဦးသိန်းထွန်းက ဆိုပါတယ်။
သြဂုတ်လ ၁၈
ရက်နေ့မှာလုပ်တဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးမှာ
ငပုတောမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က
မြို့နယ်စာရင်းရုံးတွေရဲ့ လုပ်ငန်းစဉ်တွေ ပြည်သူ့နယ်ပယ်မှာ
ဘယ်လို တာဝန်တွေ
ထမ်းဆောင်နေပြီး ပြည်သူ့အကျိုးကို ထိလာရင် ဘယ်လို စီမံဆောင်ရွက်မယ်
ဆိုတဲ့မေးခွန်းကို စာရင်းစစ်ချုပ်က ခုလို ပြန်ဖြေတာ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၇၄ အရ ပြည်ထောင်စု
စာရင်းစစ်ချုပ် ဥပဒေကို ၂၀၁၀ ပြည့်နှစ်က ပြဌာန်းပြီး ယင်းဥပဒေနဲ့အညီ
စာရင်းရုံးတွေက ငွေစာရင်းတွေ၊ လုပ်ငန်း ဆောင်ရွက်တာတွေကို စစ်ဆေးနေတယ်လို့
စာရင်းစစ်ချုပ်က ဆိုပါတယ်။
အဲ့လို စစ်ဆေးတဲ့အခါ လုပ်ထုံးလုပ်နည်း၊
ညွှန်ကြားချက်တွေနဲ့ မကိုက်တာတွေ၊ အလွဲသုံးစား လုပ်တာတွေ တွေ့ရင် အရေးယူ
ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာ ဌာနတွေကို စစ်ဆေးချက် အစီရင်ခံစာ
ပေးပို့မယ်လို့လည်း သိရပါတယ်။
“လုပ်သက်တစ်လျှောက်
ထွေ/အုပ်ရုံးတို့၊ တရားရုံးတို့၊ ဥပဒေရုံးတွေကို စာရင်းစစ် အစီရင်ခံစာအရ
အရေးယူဖို့ ဥပဒေ အကြံပြုချက် တောင်းခံတာ တစ်ခါမှ မကြုံဖူးပါဘူး” လို့
ပုသိမ်မြို့နေ အငြိမ်းစားခရိုင် ဥပဒေ အရာရှိတစ်ဦးက မှတ်ချက်ပြု
ပြောဆိုပါတယ်။
Credit - The Voice Weekly
No comments:
Post a Comment