Thursday, August 21, 2014

တောင်သူလယ်သမားများအား ကျည်ဆန်အစစ်ဖြင့် ပစ်ခတ်ခြင်းကို အရေး ယူဆောင်ရွက် ပေးစေ လိုကြောင်း ညောင်ဝန်း ကျေးရွာနေပြည်သူများဆို

ရန်ကုန်၊ ဩဂုတ် ၁၉- 
စဉ့်ကူးမြို့ နယ် ညောင်ဝန်းကျေးရွာတွင် လယ် ယာစိုက်ပျိုး လုပ်ကိုင်သည့် တောင်သူ လယ်သမားများကို ကျည်ဆန် အစစ် ဖြင့်ပစ်ခတ်ခြင်း အား တာဝန်ရှိသူ များက စစ်ဆေးအရေးယူဆောင် ရွက်ပေးစေလိုကြောင်း ဒေသ ခံများ က ပြောသည်။
ယင်းနှင့်ပတ်သက်ပြီး ညောင် ဝန်းကျေးရွာနေ ပြည်သူများသည် ဩဂုတ် ၁၈ရက် က သတင်းစာရှင်း လင်းပွဲတစ်ခုကိုပြုလုပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကူး မြို့နယ်ရှိ ညောင်ဝန်းကျေးရွာတွင် ဩဂုတ် ၁၄ရက် နံနက်၁ဝနာရီခွဲခန့် တွင် ရဲများက ဝတ်စုံ အပြည့်ဖြင့် ရောက် ရှိလာပြီး စုဝေးဆွေးနွေးနေသည့် လယ်သမားများအား မိုးပေါ်သို့ သေ နတ်ဖြင့် ထောင်ဖောက် ကာ ဖြိုခွင်း ပြီးနောက် ရွာသားများဆီသို့ သေ နတ်ဖြင့်ပစ် သဖြင့် ရွာသားတစ်ဦး သေနတ်ဒဏ်ရာပြင်းထန်စွာရရှိပြီး ရွာသား ခုနစ်ဦးမှာ လည်း ထိခိုက် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။
ညောင်ဝန်းရွာမှ ဦးမျိုးက ''ညောင်ဝန်းရွာဆိုတာ ရိုးရိုးသားသား လုပ်ကိုင် စားသောက်ပြီး အခွန်အခ တွေဆောင် တာရှိလို့ ညောင် ဝန်းစံပြ ကျေးရွာလို့ သတ်မှတ်ခံ ခဲ့ရပါ တယ်။ ဘယ်နိုင်ငံရေး၊ ဘယ်ပါတီကို မှလဲ စိတ်မဝင်စားဘူး။ ပတ်သက်မှုလဲ မရှိပါဘူး။ ခရိုနီပိုင် သိမ်းယူထားတဲ့ မြေကို ပြန်လည် ပိုင်ဆိုင်လို တဲ့အတွက် ထွန် တုံးတိုက်ပွဲဆင်နွှဲတော့မှ ဓားပြ တွေ၊ သူပုန်တွေကို လက်နက် ကိုင် နှိမ်နင်းတဲ့နေရာမှာ အသုံးပြုတဲ့ကျည် ဆန်အစစ်တွေအသုံပြုပြီး အကြမ်း ဖက်နှိမ်နင်းခြင်းခံခဲ့ရတယ်။ ဒီကိစ္စ ကို သမ္မတကြီးကိုယ် တိုင်စစ်ဆေး ဆောင် ရွက်ဖြေရှင်းစေချင်ပါတယ်''ဟု ပြောသည်။
ညောင်ဝန်းရွာတွင် ပစ်ခတ်မှု ဖြစ်ပွားခြင်းနှင့်ပတ်သက်ပြီး သတင်း မီဒီယာ များမေးမြန်း စဉ် ရဲတပ်ဖွဲ့တာ ဝန်ရှိသူတစ်ဦးဖြေကြား ရာတွင် လက် တွေ့ဖြစ်ပေါ် သည့်အခြေအနေနှင့် ကွာခြားနေခြင်းများရှိကြောင်း၊ ဘုန်း ကြီးကျောင်းတွင် ညှိနှိုင်းနေစဉ် မည် သည့် အတွက် ရွာသူရွာသားများအား အကြမ်းဖက်ဖြိုခွင်းရသနည်းဟု မေး မြန်းရာတွင် တိကျသောဖြေကြား မှုမရှိကြောင်း ယင်းက ဆက်လက် ပြောသည်။
ညောင်ဝန်းကျေးရွာနေ ဦးမြင့် ကြည်က ''သတင်းဌာနတစ်ခုက အင်တာဗျုး လုပ်တဲ့ အခါ ရဲအရာရှိ တစ်ယောက်ဖြေကြား ထားတာတွေ က ဖြစ်ရပ်နဲ့ကွာ ဟနေပါတယ်။ သူ ပြောတာက ရွာသားတွေတိုက်ခိုက် လို့ သေနတ်ပစ် တာပြော တယ်။ တ ကယ် က သေနတ်ပစ်လို့ ရွာသားတစ် ယောက်သေနတ် မှန်သွားလို့ ရွာသား တွေဝိုင်းပြီးသေနတ်လုတာဖြစ်တယ်။ အဲ့ဒီအတွက် မီဒီယာရှင်း လင်းပွဲ ဒီနေ့ လုပ်ပါတယ်။ နောက်ရဲစခန်းကိုအမှု ဖွင့်တဲ့နေ့ကလဲ ရွာသား ငါးယောက် သွားတာ တစ်ယောက်ပဲ အမှုဖွင့်တာ ကို လက်ခံပါတယ်''ဟု ပြောသည်။
လက်ပံလှရဲစခန်းမှ တာဝန်ရှိ သူတစ်ဦးက ''ဒီဖြစ်ရပ်တွေကို ကျွန် တော်သေချာ မသိလို့ မပြောပြတတ် ပါဘူး။ တစ်နေ့ကတုန်း ကတော့ ရွာ သားတွေအမှုလာဖွင့် သွားပါတယ်''ဟု ဩဂုတ် ၁၈ရက် မွန်းလွဲ၂နာရီ ကျော်ခန့်က ပြောသည်။
SH
‪#‎Democracytoday‬

Credit - Yangon Media Group

No comments:

Post a Comment