အ.ထ.က (၂) ၊ ရေဦးမြို့
၂၀၁၄၊ သြဂုတ်လ (၅)ရက်နေ့ ညနေကျောင်းဆင်းချိန် ကျောင်းဝန်းအပြင်ဘက်မှာ
ရန်ဖြစ်ကြပါတယ်။ ကျောင်းသားတစ်ယောက်က ဂုတ်ရဲ့အထက်နားမှာ အသင့်ပါ
လာတဲ့ ချိန်းကြိုးနဲ့ အရိုက်ခံရပါတယ်။ ကျောင်းသားနောက်တစ်ယောက်ကတော့
လုံးလား ထွေးလားနဲ့ နားရွက်ကို အကိုက်ခံရပါတယ်။ တကယ်တမ်းက အုပ်စုလိုက်
ဖြစ်ကြတာပါ။ ဒုတ်တွေရော ပါ ပါသေးတယ်။ ဒုတ်နဲ့ အရိုက်ခံရတဲ့ ကျောင်းသား
တွေကတော့ ဒဏ်ရာမကြီးကျယ်လို့ ဘာမှပြသနာ မဖြစ်လိုက်ပါဘူး။ ချိန်းနဲ့ အရိုက်ခံ
ရတဲ့ ကျောင်းသားတွေဘက်က ဒီလို ပြသနာမဖြစ်ခင် အရင်ရက်က ဆရာမ
တစ်ယောက်ကို တိုင်ပါတယ်။ (ကျွန်တော်တို့ကို ရန်စနေပါတယ်.. သူတို့ဆီမှာ
စက်ဘီးချိန်းပါတယ်.. ဒုတ်ပါတယ်..) တိုင်တော့ ဆရာမက မသိချင်ဟန်ဆောင်
နေပါတယ်။ အခု ဖြစ်တဲ့ကိစ္စကို မြို့နယ်ပညာရေးမှုး နဲ့ မြို့နယ် စီမံခန့်ခွဲရေး
ကော်မတီက ချက်ခြင်းလာရောက်ဖြေရှင်းပေးပါတယ်။ ည(၇)နာရီလောက်ထိ
သမာသမတ်ကျကျနဲ့ နှစ်ဦးနှစ်ဘက် ပြေလည်အောင်ဖြေရှင်းပေးပါတယ်။ ဒါပေမယ့်
အခုလို လာရောက်ဖြေရှင်းပေးတဲ့ လူကြီးတွေရဲ့စကားကို ဆရာမ တချို့က
နားမထောင်ပါဘူး။ သူတို့ထင်ရာ ဆုံးဖြတ်ကြပါတယ်။ ဒီပြသနာမှာ အဓိကဖြစ်တဲ့
ကျောင်းသားဟာ ခံဝန်လက်မှတ် သုံးကြိမ် ထိုးထားတဲ့ကျောင်းသားပါ။
အဲ့ဒီကျောင်းသားကို ကျောင်းမထုတ်ချင်ပါဘူး တဲ့။ အခုတော့ ကာယကံရှင်
ကျောင်းသားနှစ်ယောက်ရဲ့ မိဘများက ကျောင်းပြောင်း လက်မှတ်ယူပြီး
အ.ထ.က(၂) ကျောင်းမှ ထွက်သွားပါပြီ။
အ.ထ.က(၁) ၊ ရေဦးမြို့
၂၀၁၄ ၊ သြဂုတ်(၁၉)ရက်နေ့ နေ့လည်ခင်း ကျောင်းဝန်းအတွင်းမှာ ကျောင်းသား
နှစ်ဦး ရန်ဖြစ်ကြပါတယ်။ ကျောင်းသားတစ်ယောက် ခေါင်းပေါက်သွားပါတယ်။
ဆရာကြီး (သူတို့က ရန်လိုက်စနေတယ်.. သူတို့ဆီမှာ လက်မှာစွပ်တဲ့
လက်သီးကွင်းစွပ် နဲ့ ဓါးမြှောင် ပါတယ်..) လို့ ခံရတဲ့ ကျောင်းသားက ဆရာတစ်
ယောက်ကို တိုင်ပါတယ်။ ဆရာက အရေးမယူပဲ မသိချင်ဟန်ဆောင် နေပါတယ်။
ပြသနာဖြစ်တော့လည်း အဲ့ဒီဆရာက လက်သီးကွင်းစွပ်နဲ့ ထိုးတဲ့ ကျောင်းသားကို
(သွား.. မင်း တိမ်းနေ) ဆိုပြီးတော့ တိမ်းခိုင်းပါတယ်။ ခံရတဲ့ ကျောင်းသားမိဘ
ဘက်က မကျေနပ်လို့ ပြသနာ မပြီးသေးပါဘူး။ မြို့နယ် ပညာရေးမှုး နဲ့ မြို့နယ်
စီမံခန့်ခွဲရေး ကော်မတီက မသိသေးဘူးလို့ သိရပါတယ်။
အခုလို ဖြစ်ရတဲ့ အဓိကအကြောင်းရင်းကတော့
ကျောင်းမှာသင်တဲ့ ဆရာ/ဆရာမ တချို့က အပြင် ဘော်ဒါဆောင်တွေကို
စာ လိုက်သင်တဲ့ ကိစ္စက အဓိက ပါပဲ။ ကျောင်းမှာကျတော့ သူ့ကျောင်းသား၊
ကိုယ့်ကျောင်းသား ခွဲခြား ဆက်ဆံကြတယ်။ သူ့တို့နဲ့ ပြေလည်တဲ့ ပြင်ပဘော်ဒါ
ကျောင်းသား/ကျောင်းသူ တွေကျတော့ ကျောင်းမှာ သီးသန့် အခန်းတစ်ခန်း
ပေးထားပါတယ်။ ပညာရေး ၀န်ကြီးဌာနကလည်း ဆရာ/ဆရာမ များ ကျူရှင်
မသင်ရ ဆိုပြီး ထုတ်ပြန်ပြီးသားပါ။ နောက်တစ်ခုက အမှတ်(၁)ရော ၊
အမှတ်(၂)ရော ကျောင်းမှာ စာမသင်ကြပါဘူး။ စာသင်ချိန်တွေမှာ ကျောင်းသူ/
ကျောင်းသားတွေဟာ ဟိုငေး ဒီငေး ၊ အိပ်တဲ့သူက အိပ်နဲ့ ဒီလိုပဲ နေကြပါတယ်။
ဒါကိုလည်း သက်ဆိုင်ရာ လူကြီးမင်းများက ရှောင်တခင် ၀င်ရောက် စစ်ဆေးပြီး
အရေးယူ သင့်ပါတယ်။
(အမျိုးသားစည်းကမ်းအစ၊ စာသင်ကျောင်းက) ဆိုတဲ့ ဆောင်ပုဒ်နဲ့လည်း
မညီညွတ်ပါဘူး။ ဆရာများကိုယ်၌က စည်းကမ်းပျက်နေပါပြီ။ ကျောင်းသား
တွေရဲ့စိတ်နေစိတ်ထား ညစ်ညမ်းသွားမှာကို စိုးရိမ်ရပါသည်။ အတုခိုး
မှားသွားမည်ကိုလည်း စိုးရိမ်ပါသည်။
နောက်နောင် အခုလိုမျိုး ပြသနာများမဖြစ်အောင်
မြို့နယ်အုပ်ချုပ်ရေးမှုး နှင့် တကွ မြို့နယ်စီမံခန့်ခွဲရေးကော်မတီ ၊ မြို့နယ်
ပညာရေးမှုး တို့မှ အကျင့်ပျက် ခြ စားတဲ့ ဆရာ/ဆရာမများ၊ ကျောင်းသားများ
အပေါ် ခွဲခြားဆက်ဆံတဲ့ ဆရာ/ဆရာမများကို ထိရောက်စွာ အရေးယူပေးပါရန်
မေတ္တာရပ်ခံ တိုင်ကြားအပ်ပါသည်။
မိတ်ဆွေများ Share လုပ်ခြင်းဖြင့် အကျင့်ပျက် ဆရာ/ဆရာမများ ပပျောက်အောင်
ကူညီကြပါ။
22-8-2014
Credit - Aung Phay ( ဒို့ ရေဦး Group) မှ ကူးယူဖော်ပြပါသည်။
No comments:
Post a Comment