Monday, August 18, 2014

တရုတ်မုန့်တွေ ဘယ်လောက်တောင် ကြောက်စရာ ကောင်းနေပြီလဲ

တရုတ်နိုင်ငံက ထုတ်တဲ့ သရေစာတွေကြောင့် မိတ္ထီလာမြို့မှာ ကလေးငယ်တွေ အနာတွေဖြစ်ပွားမှု မြင့်တက်နေ ပါတယ်။ မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့မှာ တရုတ်နိုင်ငံထုတ် တံဆိပ်အမျိုးမျိုးနဲ့ တရုတ်စာတွေ ရိုက်နှိပ်ထားတဲ့ အစပ်ချောင်းမုန့်စားတဲ့ ကလေးတွေရဲ့ လျှာနဲ့ နှုတ်ခမ်းတွေမှာ အနာဖြစ်ပွားမှု မြင့်တက်လာတယ်လို့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဦးမြတ်မင်းက ပြောပါတယ်။ အစပ်ချောင်းစားတဲ့ ကလေးတွေရဲ မျက်နှာမှာ
အနီရောင် အဖုအပိမ့်နဲ့ အကွက်တွေ ဖြစ်နေတာ၊ နှုတ်ခမ်း ရောင်ရမ်းတာ၊ နှုတ်ခမ်းနဲ့ လျှာတွေမှာ အနာဖြစ်တာ၊ စားသုံးတာများရင် လျှာမှာ ပြည်တည်နာတွေ ရှိပြီးတော့ ဝမ်းလျှောတာလည်း ဖြစ်တည်လို့ ကလေးမိဘတွေက ပြောဆိုကြပါတယ်။ အဲလိုမျိုး ရောဂါတွေဟာ ဇွန်လအလယ်ပိုင်းလောက်စက စတင်ဖြစ်တော့ သိသိသာသာ ဖြစ်လာတာလို့ သူတို့ဆီကနေ သိရပါတယ်။ အစပ်ချောင်းစားတဲ့ ကလေးတွေမှာ တုပ်ကွေးရောဂါနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတချို့နဲ့ အစာအိမ်ရောင်တာတွေ တွေ့ရတယ်ပေမယ် ထူးခြားတာက ကလေးတွေမှာ အဖျားလုံးဝ မရှိဘူးလို့ ဒေါက်တာဦးမြတ်မင်းက ပြောပါတယ်။ အစပ်ချောင်း စားသုံးမှုကို ရပ်တန့်ပြီး ဆေးကုသမှုခံယူရင် သုံးရက်အကြာမှာ သက်သာ ပျောက်ကင်းတာကို တွေ့ရတယ်လို့ သူက ရှင်းပြပါတယ်။

Credit - The Voice

No comments:

Post a Comment