ကုန်းတွင်းပိုင်း ဆက်သွယ်မှုအဖြစ် ရန်ကုန်မှ တဆင့် ညောင်တုန်း၊ ကျောင်းကုန်း၊ ပုသိမ်မြို့များ ဆက်လက်သွယ်တန်းထားပြီး ထိုမှတဆင့် ငွေဆောင်သို့ ထပ်မံချိတ်ဆက် သွယ်တန်းထားသည်ဟု၎င်းင်းက ဆိုသည်။
ဦးစိုင်းစောလင်းထွန်းက “ကုန်းတွင်းဆက်ကြောင်းကတော့ ချိတ်ဆက်ပြီးပါပြီ။
ရေအောက် ဆက်ကြောင်းကို ချိတ်ဆက်နိုင်ဖို့ ငွေဆောင်ကမ်းခြေကနေ စတင်
ချိတ်ဆက်မှာပါ။ ချိတ်ဆက်မှုတွေ ပြီးသွားရင် Data Capacity က 1.3 Tbps (1300
Gbps) အထိ ရရှိလာနိုင်မယ့် မြန်နှုန်းမြင့် အင်တာနက်ဆက်ကြောင်းဖြစ် လာမှာပါ”
ဟု ဆိုသည်။
လက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ချိတ်ဆက်ထားသော အင်တာနက်ဆက်ကြောင်းမှာ Sea Me We 3 အင်တာနက် ဆက်ကြောင်းဖြစ်ပြီး Internet Bandwidth 30 Gbps ကျော်အထိသာရရှိခြင်းဖြစ်သည်။ Sea Mea We 5 အင်တာနက်ဆက်ကြောင်း မြန်နှုန်းမှာ လက်ရှိ အင်တာနက်မြန်နှုန်း ထက် အဆ ၄၀ ကျော် ပိုမို မြန်ဆန်လာနိုင်မည်ဖြစ်သည်။
ဦးဇော်မင်းဦးက“ Internet Capacity က 1300 Gbps အထိ ရရှိနိုင်ရင် အခုမြန်နှုန်းထက် အဆ ပေါင်းများစွာ ပိုကောင်းလာမှာပေါ့။ ဒါဆို ကွန်ပျူတာနဲ့ အိုင်တီလုပ်လုပ်ငန်းတွေရဲ့ Software ထုတ်ကုန်တွေ ပိုတိုးတက်လာမယ့် အပြင် အခြားစီးပွားရေးလုပ်ငန်းတွေမှာလည်း အများကြီးတိုးတက် လာနိုင်ပါတယ် ” ဟု ပြောသည်။
စင်္ကပူနိုင်ငံမှ တဆင့် ဥရောပအရှေ့နှင့် အနောက်သို့ ရေအောက်မှ တဆင့် သွယ်တန်းမည့် Sea Me We 5 အင်တာနက်ဆက်ကြောင်းသည် ကီလိုမီတာ ၂၀၀၀၀ (၁၂၄၀၀မိုင်) အထိရှည်လျားပြီး ၂၀၁၆ ခုနှစ်တွင် သွယ်တန်းမှုပြီးစီးကာ အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
Sea Me We 5 ကို ရေအောက်ပိုင်းတွင် ကေဘယ်သွယ်တန်းရန် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အပါအဝင် နိုင်ငံတကာကုမ္ပဏီ ၁၅ ခုမှ Alcatel-Lucent နှင့် NEC ကုမ္ပဏီတို့ကိုငှားရမ်းလုပ်ကိုင်ခွင့်ပြုခဲ့သည်။
Written by စချိုကို
Mizzima.....
Ref ; ဟာဂျူလီ ကသာ (Facebook)

No comments:
Post a Comment