ညောင်ဝန်းကျေးရွာမျာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညောင်ဝန်းကျေးရွာက တောင်သူ ဒေါ်မိုးဆွေက အခုလို ပြောပါတယ်။
"မနွဲ့ရီ အိမ်ခြံထဲကနေပြီးတော့ သူတို့ပစ်ခတ်တာတွေကို ကျမမြင်ခဲ့ရပါတယ်၊ ရွာသူတစ်ယောက်ဆို သူ့သမီးလေးရဲ့ ကျောင်းကပွဲမှာ ငွေပေးချင်လို့ ကျောင်းဆရာဆီကိုသွားရင်းနဲ့
ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်နေ့က မြို့နယ်ရဲတပ်ဖွဲ့ဝင် ၅၀ လောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတောင်သူတစ်ဦး ခြေထောက်မှာ သေနတ်ဒဏ်ရာရရှိခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ ညောင်ဝန်းရွာသားတွေက သေနတ်ထိမှန်မှု၊ ဒဏ်ရာရရှိမှုနဲ့ ပျက်စီးမှုတွေအတွက် လက်ပန်လှ ရဲစခန်းမှာ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့ အမှုဖွင့်ထားသလို ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဒဏ်ရာရရှိခဲ့တဲ့အတွက် ညောင်ဝန်းကျေးရွာနာမည်နဲ့ ရဲတပ်ဖွဲ့ဘက်က အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။
ညောင်ဝန်းကျေးရွာ ဒေသခံတွေရဲ့ ရှေ့နေအဖြစ် ရှေ့နေများကွန်ရက်က ဦးအောင်သိန်းက ကူညီဆောင်ရွက်ပေးမှာဖြစ်ပါတ
Credit - RFA Burmese

No comments:
Post a Comment