Friday, August 22, 2014

ဝန်ကြီးများ မည်သည့်နည်းဖြင့်ချမ်းသာသည်ကို တိကျစွာ သတင်းပေးပို့ပါက ငွေကြေးခ၀ါချမှုဥပဒေအရ စစ်ဆေးမည်

အစိုးရအဖွဲ့ဝန်ကြီး ဘာ့ကြောင့်ချမ်းသာနေကြသည်ကို တိကျသော သတင်းပေးပို့မှုပြုလုပ်ပါက ငွေကြေးခ၀ါချမှုဥပဒေအရ စစ်ဆေးမှုပြုလုပ်ရန်ရှိကြောင်း ယနေ့ သြဂုတ်လ ၂၂ ရက်နေ့က UMFCCI တွင် ပြုလုပ်သော တရားမဝင်နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများ ဗပိာုထိန်းချုပ်ရေးအဖွဲ့၏ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေနှင့် ပက်သက်သော အသိပညာပေး ဆွေးနွေးပွဲက သိရသည်။


"ကျွန်တော်တို့ကို သေသေချာချာ ခိုင်ခိုင်မာမာ သတင်းပေးဖို့လိုပါ တယ်။ ဒါက နိုင်ငံသား တိုင်း ပူးပေါင်းပါဝင်ရမယ့်ဟာဖြစ်တယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်မှာ လုံခြုံမှု ရှိပါတယ်။မြငတာသိတာကို တိတိကျကျ ပေးလို့ရတယ်။ကျွန်တော်တို့က စဲုစမ်းတယ်။စစ်ဆေးပါ
တယ်။ ပြီးတော့ ပေါ်ပေါက်ရင် တရားစွဲပါတယ်"ဟု ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှန်းရေးတပ်ဖွဲ့ ၊ ဒုတိယတပ်ဖွဲ့မှုး ရဲမှုးကြီးကျော်ဝင်းသိန်းက ပြောသည်။

ယင်းအပြင် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး ဥပဒေအရ မည်သည့်ဘဏ်တွင်မဆို တစ်ကြိမ်တည်းနှင့်ငွေကျပ်သိန်းတစ်ထောင် အထိ အပ်နှံလျှင်သော်လည်းကောင်း၊ တစ်စုံတစ်ယောက်က လွှဲလာခဲ့သည့်အတွက် ထုတ်ယူလျှင်သော်လည်းကောင်း ငွေမည်း ကို ငွေဖြူ ပြောင်းလဲနိုင်သည်ဟုသံသယ ဖြစ်ဖွယ်အဖြစ် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအဖွဲ့ က သတ်မှတ်ထားကြောင်း၊ ဘဏ်များတွင် ရှိသည့် Reporting Officer က သတင်းပေးပို့ရမည်ဖြစ်ကြောင်း ယင်းကပြောသည်။

ငွေကြေးခ၀ါချမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ် နှင့် ဒဏ်ငွေ ကျပ် သန်း ၅၀၀ ကျခံရမည်ဖြစ်သည်ဟု အဆိုပါ ဥပဒေတွင် ဖေါ်ပြထားသည်။

မေငယ်
Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)
 
 

No comments:

Post a Comment