Sunday, August 17, 2014

ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မရောင်ခြည်စာကြည့်တိုက်တွင် တရားခွေများ တရားစာအုပ်များ အခမဲ့ငှားရမ်း

ရေဦးမြို့ မင်္ဂလာရာမစာသင်တိုက် ဓမ္မစကူးလ်ကျောင်းတော် ဓမ္မရောင်ခြည်စာကြည့်တိုက်တွင် တရားခွေများ တရားစာအုပ်များ အခမဲ့ငှားရမ်း နာယူကြည့်ရှုနိုင်ပြီဖြစ်ပါသည်။ စာကြည့်တိုက်တွင် စာသင်သားသံဃာတော်များ လူကြီး လူငယ်များ ဖတ်ရှုနိုင်မည့် ဘာသာရေး သာသနာရေး စာအုပ်များ အထွေထွေဗဟုသုတစာအုပ်ပေါင်း ၄၀၀ ကျော် နှင့် ဆရာတော်များ၏ တရားခွေ (၁၀၀)ကျော်ဖြင့် (၁၇-၈-၂၀၁၄)မှ စတင်ဖွင့်လှစ်ပြီ စနေ တနင်္ဂနွေ အဖိတ် ဥပုသ်နေ့တိုင်း ဖွင့်ထားပေးမည်ဖြစ်ပါသည်။

စာကြည့်တိုက်ဖြစ်မြောက်ရေးအတွက် ဒေါက်တာကျော်သင်း+ဒေါ်ဌေးဌေး မိသားစု (တောင်အာဖရိက) မတည်ငွေ ကျပ်(၃)သိန်း။
ရန်ကုန်မြို့ ဓမ္မရောင်ခြည် ဓမ္မဒါနဖောင်းဒေးရှင်းမှ ကျပ်(၂)သိန်း။
ဦးဝင်းညွန့်+ဒေါ်ဝင်းဝင်းသီ အာယုဆေးခန်း ရေဦးမြို့မှ ကျပ်(၂)သိန်း။
ဒေါ်ဇင်မာစိုး (နည်းပညာတက္ကသိုလ်) မြစ်ကြီးနားမြို့ မွေးနေ့အလှူ ကျပ်(၁)သိန်း။
ကိုမျိုးကျော်သူ+မခင်စန္ဒာဌေး သား ဝေယံဘုန်းမြင့် စွမ်းဇေအောင် နံသာလမ်း အလုံ ရန်ကုန်မြို့မှ ကျပ်(၅)သောင်း လှူဒါန်းပါသည်။

Credit - Ashin Vicitta (Facebook)

 
 
 
 
 

 
 

No comments:

Post a Comment