Friday, February 13, 2015

ဗိုလ်ချုပ်ရာပြည့် ဂုဏ်ပြုသည့်အနေဖြင့် ပြည်မြို့တွင် စွမ်းရည်ပြသပွဲ ပြုလုပ်

ပြည် (မဇ္ဈိမ)။ ။ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ နှစ်တစ်ရာပြည့် မွေးနေ့အား ဂုဏ်ပြုသောအားဖြင့် မော်ကင်း၊ ထံမသီမျိုး နွယ်စုခေါင်းဆောင် စွမ်းအားရှင်ဆရာကြီး ဦးငြိမ်းချမ်းအောင်က ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့ ဗိုလ်ချုပ်ကျောက်ရုပ်အနီးတွင် ဖေဖော်ဝါရီ ၁၂ ရက် နံနက် ၁၀ နာရီခွဲအချိန်က စွမ်းရည်ပြသမှုများ ပြုလုပ်ခဲ့သည်။

General-Aung-San-100-Year-Birthday-Pyi
(ဓာတ်ပုံ - ရေခဲ (ပြည်)၊ မဇ္ဈိမ)



“ပြည်ထောင်စု တိုင်းရင်းသားတွေ စည်းလုံးညီညွှတ်စွာ နေထိုင်နိုင်ရေး၊ ဗိုလ်ချုပ်ရာပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ စွမ်းရည်ပြသတယ်။ ဒီလိုပြသမှုကြောင့် ရတဲ့အလှူငွေတွေကို ချက်ချင်းပဲ ဒီမြို့မှာ ရှိတဲ့ပရဟိတ ကျောင်းတွေကို လျှုဒါန်းသွားမယ်̓” ဟု ဦးငြိမ်းချမ်းအောင်က ပြောသည်။

ဦးငြိမ်းချမ်းအောင်သည် သူ၏ ဆံပင်တွင် ဆန်အိတ်ချိတ်ကာ ဗိုလ်ချုပ်ကျောက်ရုပ်ကို တစ်ပတ် ပတ်ပြခြင်း၊ လည်ပင်းတွင် ကြိုးကွင်းစွပ်ကာ ကြံ့ခိုင်မှုစွမ်းရည်များ ပြသခြင်း၊ ဗမာ့သိုင်းစွမ်းရည် ပြသခြင်း စသည့် စွမ်းရည်ပြသမှုများ ပြုလုပ်ခဲ့သည်။

စွမ်းအားရှင်ဆရာကြီး ဦးငြိမ်းအောင်သည် အသက် (၇၀) အရွယ်ရှိပြီး လူငယ်များ ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ စိတ်ဓာတ်၊ စွမ်းရည်များ ဖြစ်လာစေရန် စသောဟောပြောမှုများဖြင့်လှုံ့ ဆော်စွမ်းရည်ပြသမှုများ ပြုလုပ်ခဲ့သည်။

Credit - Mizzima News

No comments:

Post a Comment