Wednesday, February 11, 2015

လောက်ကိုင်တွင် အစိုးရတပ်က လေကြောင်းမှ တိုက်ခိုက်ဟု TNLA ထုတ်ပြန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်အရှေ့မြောက်ဘက် လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်လက်နက်ကိုင် တပ်ဖွဲ့ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင်များနှင့် အစိုးရ စစ်တပ်တို့ ဖေဖော်ဝါရီ ၁၀ ရက်က တိုက်ပွဲ ပြင်းပြင်းထန်ထန် ဆက်လက်ဖြစ်ပွားနေပြီး ညနေ ၄ နာရီ ၁၇ မိနစ်ခန့်တွင် အစိုးရတပ်က ဂျက်လေယာဉ်ဖြင့် တိုက်ခိုက်နေဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)က ထုတ်ပြန်လိုက်သည်။

ထို့အပြင် နေ့လည်းပိုင်း ၁၂နာရီခန့်တွင် ၁ ကြိမ်၊ ညနေပိုင်း ၁၃ နာရီ ၂၀ မိနစ်ခန့်တွင် ၁ ကြိမ် လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သည် ဟု ဆိုသည်။

ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၇ နာရီမှစတင်၍ ကုန်းကြမ်းမြို့နယ် ဖုန်းရွှေရှန်းဒေသနှင့် ဂျိုထိုရှန်းဒေသ နှစ်နေရာတွင် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်းတပ်မတော်(TNLA)၊ ရခိုင်တပ် မတော် (AA)နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ/ရှမ်းပြည် တပ်မတော် (SSPP/SSA) ပူးပေါင်းတပ်ဖွဲ့အား အစိုးရ၏ တပ်မ ၃ ခုလက်အောက်ခံ တပ်ဖွဲ့များက ရဟတ်ယာဉ် ၃ စီးအသုံးပြု၍ တိုက်ခိုက်နေသည်ဟု ကိုးကန့်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်မြတ်လင်းက မဇ္ဈိမကို ပြောသည်။


Credit - Mizzima News

No comments:

Post a Comment