ပြည် (မဇ္ဈိမ)။ ။ မန္တလေးမှ ရန်ကုန်သို့ လမ်းလျှောက်ချီတက်နေသည့် ကျောင်းသား သပိတ်စစ်ကြောင်းကို ကြိုဆိုရန် ပြည် တက္ကသိုလ်
ရှေ့တွင် ကြိုဆိုရေး သပိတ်စခန်းဖွင့်ရန် စီစဉ်သည့် ကျောင်းသား တစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ရှေ့တွင် ကြိုဆိုရေး သပိတ်စခန်းဖွင့်ရန် စီစဉ်သည့် ကျောင်းသား တစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။

ပြည် တက္ကသိုလ်ရှေ့တွင် ကျောင်းသားတစ်ဦးအား ဖမ်းဆီးသွားစဉ်။ (ဓာတ်ပုံ- ရေခဲ (ပြည်)၊ မဇ္ဈိမ)
ပြည် တက္ကသိုလ် ဒုတိယနှစ် အင်္ဂလိပ်စာ ကျောင်းသား ကိုသန့်ဇင်ထက်ကို ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။ ယင်းသို့ ဖမ်းဆီးမှုကြောင့် ဖေဖော်ဝါရီ ၈ ရက် ညနေ (၅)နာရီခွဲတွင် ပြည်ခရိုင် ကျောင်းသားများသမဂ္ဂက ပြည်မြို့ ရွှေတစ်ချောင်းလမ်း ပြည်တက္ကသိုလ်ကျောင်းရှေ့တွင် ကြိုဆိုရေးသပိတ်စခန်း ဖွင့်ရန်စီစဉ်ခဲ့သည်။ ကျောင်းရှေ့တွင် ရဲတပ်ဖွဲ့ဝင် ၃၀ကျော်ကလည်း လုံခြုံရေးရယူထားသည်။
“ရဲခြောက်ယောက်လောက်က လာပြီး အတင်းဆွဲခေါ်သွားတယ်။ ဖမ်းဝရမ်းလဲ မပြဘူး” ဟု ကျောင်းသား တစ်ဦးက ဆိုသည်။
ကိုသန့်ဇင်ထက်သည် သဲကုန်းလယ်သမားများနှင့်အတူ ဆန္ဒပြခဲ့စဉ်က ပုဒ်မ၅၀၅(ခ)ဖြင့် တရားဆွဲဆိုခံထားရပြီး ၎င်းအမှုဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ဖမ်းဆီးစဉ်က ပါဝင်သူ ပြည်အမှတ် (၁) စခန်းမှူး ရဲအုပ်မျိုးဝင်းက မဇ္ဈိမကို ပြောသည်။
ကျောင်းသားသပိတ်စစ်ကြောင်းသည် ထိုနေ့ မနက် (၁၀) နာရီတွင် မကွေးတိုင်း အောင်လံမြို့မှ ဆက်လက်ချီတက်လာခဲ့ပြီး ကသစ်ကန်ကျေးရွာတွင် ညအိပ်ရပ်နားကာ ဖေဖော်ဝါရီ ၉ရက်တွင် ပြည်မြို့သို့ ဆက်လက်ချီတက်မည် ဖြစ်သည်။
“ကျောင်းသားတွေက မနက်ဖြန်ပြည်ကို ရောက်မယ်။ ပြည်မှာရှိတဲ့ကျောင်းသားတွေက ပြည် တက္ကသိုလ်ကျောင်းရှေ့မှာ သပိတ်စခန်းဖွင့်ပြီး ကြိုဆိုရေးလုပ်မယ်” ဟု ပြည်ခရိုင် ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင် ပြည်တက္ကသိုလ် ဥပဒေ ဒုတိယနှစ် ကျောင်းသား ကိုသိန်းအောင်စိုးက ပြောသည်။
ကျောင်းသားသပိတ်စစ်ကြောင်းသည် ထိုနေ့ မနက် (၁၀)နာရီ တွင် မကွေးတိုင်းအောင်လံမြို့မှ ဆက်လက်ချီတက်လာခဲ့ပြီး ကသစ်ကန်ကျေးရွာတွင် ညအိပ်ရပ်နားကာ ဖေဖော်ဝါရီ ၉ရက်တွင် ပြည်မြို့သို့ ဆက်လက် ချီတက်မည်ဖြစ်သည်။ ထို့အပြင် ပြည်ခရိုင်အတွင်းရှိ လူမှုရေး နိုင်ငံရေးအဖွဲ့ဝင်များက သပိတ်စစ်ကြောင်း ရောက်ရှိလာပါက ကျောင်းသားများကို ကြိုဆိုရန် ပြည်မြို့အတွင်း လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသံချဲ့စက် (ဟမ်းစပီကာ)များဖြင့် လိုက်လံနှိုးဆော်ခြင်းများ ပြုလုပ်နေကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုဝင်းလှိုင်က ပြောသည်။
ကျောင်းသားသပိတ်စစ်ကြောင်း ရောက်ရှိလာခြင်း နှင့် ပတ်သက်ပြီး ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဦး က “အစ်ကိုတို့က မြို့လုံခြုံရေးအတွက် လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးချပေးထားတယ်။ တခြားဘာမှတော့ မရှိပါဘူး” ဟုပြောသည်။
Credit - Mizzima News
No comments:
Post a Comment