Thursday, February 12, 2015

ကျောင်းသားများ တောင်းဆိုချက်အားလုံး မူအားဖြင့်သဘောတူ၊ ပညာရေး အသုံးစရိတ်ကို အကြိတ်အနယ် ဆွေးနွေးခဲ့ရ

ကျောင်းသားများ တောင်းဆိုချက် ၁၁ ချက် အားလုံးကို မူအားဖြင့် သဘောတူလိုက်သည်။ ပညာရေးအသုံးစရိတ်ကိုမူ မိနစ်သုံးဆယ်ကျော် အခြေအတင်ဆွေးနွေးခဲ့ရသည်။ ဆန္ဒပြကျောင်သားများနှင့် အစိုးရ ကိုယ်စားလှယ်တို့ ဆွေးနွေးလျှက်ရှိရာ ကျောင်းသားများ၏ လိုလားချက်ဖြစ်သော ၁၀ အချက်ပါ "ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ နှစ်ဆယ်ရာခိုင်နှုန်း သတ်မှတ်နိုင်ရန်" ဟူသည့်အချက်ကို ညှိနှိုင်းမရဘဲဖြစ်ခဲ့သည်။ ထိုအချက်ကို ညနေ ၃ နာရီခွဲမှ စတင်ဆွေးနွေးခဲ့ပြီ ၄ နာရီကျော်သည်အထိ ညှိနှိုင်းခဲ့ရသည်။

အမျိုးသားပညာရေး ဥပဒေကို သပိတ်မှောက်ကာ ရန်ကုန်သို့ ချီတက်လာနေသည့် သပိတ်စစ်ကြောင်းများအားလုံး ရပ်ဆိုင်းရန် ဖေဖေါ်ဝါရီလ ၁၁ ရက်ဆွေးနွေးမှုအပြီး ကျောင်းသားများက သဘောတူလိုက်သည်။

ရန်ကုန်တိုင်းလွှတ်တော်ရုံးတွင် ကျောင်းသားကိုယ်စားလှယ်များ၊ အစိုးရကိုယ်စားလှယ်များ၊ ပညာရေးဝန်ကြီးဌာန၊ လွှတ်တော်ကိုယ်စားလှယ်တို့ ဆွေးနွေးမှုအပြီး သဘောတူလိုက်ခြင်းဖြစ်သည်။

ဖေဖေါ်ဝါရီ ၁၁ ရက် ဆွေးနွေးမှုတွင် ကျောင်းသားများ တောင်းဆိုချက် ၁၁ ချက် အားလုံးကို မူအားဖြင့် သဘောတူခဲ့သည်။ ပညာရေးအသုံးစရိတ်ကိုမူ မိနစ်သုံးဆယ်ကျော် အခြေအတင်ဆွေးနွေးခဲ့ရသည်။

ကျောင်းသားများ၏ လိုလားချက်ဖြစ်သော အမှတ် ၁၀ အချက်ပါ "ပညာရေး အသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ နှစ်ဆယ်ရာခိုင်နှုန်း သတ်မှတ်နိုင်ရန်" ဟူသည့်အချက်ကို ညှိနှိုင်းမရဘဲဖြစ်ခဲ့သည်။ ထိုအချက်ကို ညနေ ၃ နာရီခွဲမှ စတင်ဆွေးနွေးခဲ့ပြီ ၄ နာရီကျော်သည်အထိ ညှိနှိုင်းခဲ့ရသည်။

ယင်းနောက် ပညာရေးအသုံးစရိတ် ၂၀ ရာခိုင်နှုန်းအသုံးပြုရန် အငြင်းပွားခဲ့ကြပြီးနောက် လက်ငင်းမကျင့်သုံးနိုင်သော်လည်း ငါးနှစ်အတွင်း အသုံးစရိတ် ၂၀ ရာခိုင်နှုန်း အသုံးပြုရန် နောက်ဆုံးတွင် သဘောတူခဲ့သည်။

ဆန္ဒပြကျောင်းသားများ တောင်းဆိုခဲ့သည့် အချက် ၁၁ ချက်

 ၁။ ဥပဒေများရေးဆွဲရာတွင် ကျောင်းသားများ၊ ဆရာများ၏ ကိုယ်စားလှယ်များ ပါဝင်ရန်၊
၂။ ကျောင်းသား၊ ဆရာသမဂ္ဂများ ထူထောင်လှုပ်ရှားခွင့်နှင့် တရားဝင် အသိအမှတ်ပြုရန်၊
၃။ အမျိုးသားပညာရေး ကော်မရှင်နှင့်တက္ကသိုလ်များ ပေါင်းစပ်ညှိုနှိုင်းရေး ကော်မတီဖွဲ့စည်းရန်
၎။ ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်တိုင်ပြဌာန်းရန်၊
၅။ လက်ရှိကျင့်သုံးနေသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့် စနစ်များပြင်ဆင်ရန်၊
၆။ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်စမ်းသပ်သင်ယူနိုင်သည့် သင်ကြားနည်းများ ပြောင်းလဲရန်၊
၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကား လွတ်လပ်ခွင့်အတွက် ထည့်သွင်းပြဌာန်းရန်၊
၈။ မသန်စွမ်းကလေးများ အပါအ၀င် လူတိုင်းအကျုံးဝင် ပညာရေးစနစ် အကောင်အထည်ဖော်ရန် ၊
၉။ ကျောင်းသားအရေးခင်းကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ပညာဆက်သင်ခွင့်ရရန်၊
၁၀။ ပညာရေးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်း သတ်မှတ်ရန်၊
၁၁။ အခမဲ့ မသင်မနေရ ပညာရေးစနစ်ကို အလယ်တန်းအဆင့်အထိ တိုးမြှင့်ကျင့်သုံးရန်

Credit - Mizzima News

No comments:

Post a Comment