Saturday, August 9, 2014

GSM ဖုန်းများ အကြောင်းမဲ့ ပိတ်ခံရမှုများ ရှိနေပြီး ပိတ်ခံရသည့် ဖုန်းအများစုသည် အော်ရီဒူးဖုန်ကဒ် ထည့်သုံးလိုက်သည့် ဖုန်းများ ဖြစ်နေ

မြန်မာ့ဆက်သွယ်ရေးမှေ၇ာင်းချပေးထားသော GSM ဖုန်းအချို့ အကြောင်းမဲ့ လိုင်းပိတ်ခြင်း ခံနေရကြောင်း လိုင်းပိတ်ခံရသည့် GSM ဖုန်းပိုင်ရှင်များက
herjule mediaသို့ လာရောက်ဆက်သွယ်ပြောလျှက် ရှိပါသည်၊
“ ကျွန်တော့် ဖုန်းနံပတ်က ၀၉၄၀၁၅၉၆၃၉၈ ဖြစ်ပါတယ်၊ဒီဖုန်းနဲ့ သက်ဆိုင်တဲ့ စာချုပ်အပါအ၀င် စာရွက်စာတမ်း အပြည့်အစုံ ကျွန်တော့်မှာ ရှိပါတယ်၊
ဇူလိုင်လ၂၉ရက်နေ့က ကျွန်တော်ရန်ကုန်သွားပါတယ်၊ ၃၁ရက်နေ့နေပြည်တော်ဝင်ရင်းနဲ့ အော်ရီဒူး ဖုန်းကဒ်တစ်ကဒ် ၀ယ်ပြီး ၃ရက်နေ့မှာ ပြောင်းသုံးခဲ့ပါတယ်၊
သြဂုတ်က (၅)ရက်နေ့ မန္တလေး ပြန်ရောက်တော့ အရင် MPT ဖုန်းကဒ်ပြောင်းထည့်တော့

လူကြီးမင်းဖုန်းကို ဌာနက ယာယီပိတ်ထားတဲ့အကြောင်း
ပြောနေတဲ့အတွက် ဖုန်းကဒ်ကြောင့်များလားဆိုပြီး ၁၀၀၀၀တန် ငွေဖြည့်ကဒ် ထပ်ဖြည့်တော့ ငွေကဒ်သာဝင်သွာတယ် ပြောလို့က ရပါဘူးး၊ ဒါတဲ့ဖုန်းနံပတ် (၁၈၇၆) ကို ခေါ်ပြီးမေးတော့
သူတို့က ဖုန်းနံပတ်(၀၂၈၀၇၁၁) ထပ်ပေးပါတယ်၊ အဲဒီဖုန်းနံပတ်ကိုဆက်လိုက်တော့ အထက်အမိန့်အရ ဖုန်းအလုံးရေ (၆၀၀)ကျော်ပိတ်ထားကြောင်း၊ဘာကြောင့်ဆိုတာတော့ သူတို့ မသိကြောင်း ၊
ဖုန်းအပြောနည်းလို့ ပိတ်ထားတာဖြစ်နိုင်ကြောင်း၊ပြောလာတဲ့အတွက် ကျွန်တော်က
ဖုန်းအသုံး မနည်းတဲ့အကြောင်းပြောတော့ အခုလောလောဆယ်ဆယ် ပိတ်ထားတဲ့ဖုန်း(၆၀၀)ကျော်ရှိနေပြီး တကယ်လို့ အသုံး မနည်းဘူးဆိုရင် စာချုပ်စာတမ်း မိတ္တူနဲ့
နီးစပ်ရာဆက်သွယ်ရေးတာဝန်ခံထံကို လျှောက်လွှာတင်ဖို့ ပြောပါတယ်၊ လျှောက်လွှာတော့ ပြန်တင်ဖြစ်မှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ကသာမြို့မှာ အော်ရီဒူးတို့
တယ်လီနောတို့က သုံးလို့ မနိုင်သေးဘူးလေ၊ ဆက်သွယ်ရေး MPT ပဲ အားကိုးနေရဦးမှာပေါ့၊ အဲဒါတွေ ရောက်လာရင်တော့ MPTကဒ်တွေကို လှည့် မကြည့်တော့ပါဘူး၊
စိတ်ကုန်သွားပြီ” ဟု ၀၉၄၀၁၅၉၆၃၉၈ ဖုန်းပိုင်ရှင်က ပြောသွားခဲ့ပါသည်၊
နောက်ထပ် ပိတ်ခံထားတဲ့ ဖုန်းပိုင်ရှင်ကတော့ “ကျွန်တော့်ဖုန်းနံပတ်က ၀၉၄၂၀၁၁၄၁၃၁ ဖြစ်ပါတယ်၊ ပိတ်ခံရတာက ၄ ၊၈၊၁၄ မှာ ပိတ်ခံရတာပါ၊ ၃ရက်နေ့က မန္တလေး သွားရင်း အော်ရီဒူးကဒ် ပြောင်းသုံးခဲ့ပါတယ်၊
၀၁၂၁၅၈၂၂ ကိုမေးတော့ ရွှေဂုံတိုင် အိတ်ချိန်း၀၉၂၀၉၉၆၂၀နံပတ်ပေးပါတယ်၊ အဲဒီကိုဆက်တော့ ဖုန်းဆက်မေးတော့ ဖုန်းအပြောများလွန်းလို့ စက်က အော်တို ပိတ်လိုက်တာ ဖြစ်မယ်လို့ ဆိုပါတယ်၊
ပြန်ပွင့်ချင်ရင် လျှောက်လွှာတင်ရမယ်လို့လည်း ပြောပါတယ်၊
နောက် ဖုန်းပိုင်ရှင်ကတော့ ကျွန်တော်ကတော့ ဖုန်းနံပတ် မပြောချင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ၁၅၀၀တန်ဖုန်းကို ၁သိန်း၂သောင်း ပေးဝယ်ပြီး ရန်ကုန်က သားဆီကို ပို့ပေးခဲ့တာဖြစ်ပါတယ်၊
သားတော်မောင် သုံးနေရင်းနဲ့ ဟိုဘက်လကတော့ ဌာနကယာယီပိတ်ထားပါတယ်ဆိုပြီး ဖြစ်လာတယ်၊စုံစမ်းတော့ ကဒ်အသစ်အတွက် ၅သောင်းကုန်မယ်ပြောလို့ လုပ်သင့် မလုပ်သင့်စဉ်းစားနေရင်း
အော်ရီဒူးကဒ်တွေ ၁၅၀၀နဲ့ရောင်းလာလို့ အရင် MPT ဖုန်းကဒ်ကို လွှင့်ပစ်ပြီး အော်ရီဒူးပဲ သုံးနေပါတယ် လို့ ပြောပြခဲ့ပါတယ်၊
ထိုဖြစ်စဉ်များအပေါ်(၁၈၇၆) ကို ကျွန်တော်တို့ မီဒီယာမှ ဆက်သွယ်မေးမြန်းရာမှာ (၀၂၈၀၇၁၁)ကို ရုံးဖွင့်ရက်များတွင် ဆက်သွယ်မေးမြန်းရန် ဖြေဆိုခဲ့ပါတယ်၊ကသာ မြို့နယ် ဆက်သွယ်ရေးတာဝန်ခံကို
ဆက်သွယ်မေးမြန်းရာမှာ ပိတ်တာကို သူတို့ မသိကြောင်းနဲ့ လျှောက်လွှာတင်လာပါကချက်ချင်း တင်ပေးသွားမှာ ဖြစ်ကြောင်း ပြောပြသွားခဲ့ပါတယ်၊
(ဟာဂျူလီ-ကသာ) (Facebook)

No comments:

Post a Comment