ခွဲခြားဆက်ဆံခြင်းမျိုးသည် ဒေါ်မိမိကြည်မတိုင်မီ ခေတ်အဆက်ဆက် ကျောင်းအုပ်များကြား တစ်ခါမျှမမပြုလုပ်ခဲ့ဖူးသလို မြန်မာနိုင်ငံရှိမည်သည့်ကျောင်းတွင်မျှလည်း ပြုလုပ်ခဲ့ဖူးရိုး ထုံးစံမရှိပါ။ ထိုကဲ့သို့ ဆရာမများကိုဖိနှိပ်ဆက်ဆံသော ဆရာမကြီးသည် မွန်ပြည်နယ်ပညာရေးမှုး နှင့်တွေ့သည့်အခါ ဒူးထောက်ခစားလျက် ဖားလျက်ရှိပါသည်။ မည်သို့မည်ပုံ ပြုလုပ်သည်ကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားပါသည်။ ထို့အပြင် လုပ်သက်များစွာ ကြာမြင့်နေပြီဖြစ်သော ဒေါ်ခင်နုဆွေနှင့် ဒေါ်သီသီမြင့်နှစ်ဦးတို့ကို အရှက်တကွဲအကျိုးနဲဖြစ်စေရန် ကျောင်းအုပ်ကြီး တစ်ဦးပြောသင့်သည်ထက်ပိုကာ နားမခံသာလောက်အောင် ငဆနင်ပဲ မျိးစုံဆဲရေးတိုင်းထွာခဲ့သည့်အတွက်လည်း ဆရာမနှစ်ဦးမှာ shork ရကာ တကျောင်းလုံးဝိုင်းဝန်း၍ ဆေးရုံသို့ပို့ပေးခဲ့ရပါသည်။ ဤသည်ကို ဓာတ်ပုံနှင့်တကွ ဖော်ပြထားပါသည်။ ဆရာမနှစ်ဦးလုံးသည် အသက်အရွယ်ကြီးရင့်သူများဖြစ်ကြပြီး နှလုံးရောဂါအခံရှိသောကြောင့် အသက်အန္တရာယ် စိုးရိမ်ရသည်အထိ ဖြစ်နေသော်လည်း ကျောင်းအုပ်ကြီး ဒေါ်မိမိကြည်ပါးစပ်မှ "သူတို့သေသွားလည်း ငါဂရုမစိုက်ဘူး" ဟုပြောထွက်လာသောစကားမှာလည်း အံ့အားသင့်ဖွယ်ဖြစ်ခဲ့ရပါသည်။ ကျွန်တော်သည်ဤကျောင်းမှကျောင်းသားဟောင်းတစ်ဦးဖြစ်သည့်အတွက် ကျွန်တော်တို့အားသင်ကြားပြသပေးခဲ့သော ဆရာမများ၏ မျက်ရည်များကို မခံစားနိုင်တော့၍ အာဏာရှင်ကျောင်းအုပ်ကြီး ဒေါ်မိမိကြည်အား ကျောင်းအုပ်ရာထူးနှင့် မထိုက်တန်ကြောင်းကို အများသူငါသိစေရန်အတွက် ရေးသားဖော်ပြအပ်ပါသည်။
အ.ထ.က.(၁) မှ ကျောင်းသားဟောင်းများ
အ.ထ.က.(၁) (မော်လမြိုင်) မှ
Credit - ဟာဂျူလီ ကသာ (Facebook)



No comments:
Post a Comment