Friday, August 8, 2014

ကသာခရိုင်ရဲတပ်ဖွဲ့မှူးမှ အချုပ်တရားခံများလျှော့နည်းရေး မြို့နယ်တရားသူကြီးနှင့် ဆွေးနွေး..

၅၊၈၊၁၄ရက်နေ့ (၃)နာရီ(၅၀)အချိန်က ကသာခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးစိုးမြင့် သည် အင်းတော်မြို့နယ်မြို့မရဲစခန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်၊
ထိုသို့စစ်ဆေးရာတွင် အချုပ်ခန်းအတွင်း အချုပ်တရားခံများ(၅၂)ယောက်ရှိနေသည်ကိုတွေ့ရှိရပြီး အင်းတော်တရားရုံး အချုပ်ဆောင်သို့ ဆက်လက်သွားရောက် စစ်ဆေးရာ
ရုံးထုတ်တရားခံ (၈)ယောက်ကို တွေ့ရပါသည်၊ ထိုသို့ အချုပ်တရားခံ များပြားနေမှုနှင့်ပတ်သက်၍ အင်းတော်မြို့နယ် တရားသူကြီး ဦးစိုးမိုးအောင်နှင့် တွေ့ဆုံခဲ့ပြီး
အမှုများ အမြန်ပြီးပြတ်ရေးအတွက် ဖေါင်းပွနေသော သက်သေများ လျှော့ချရေးအား ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။အင်းတော်မြို့နယ်တရားသူကြီး
ဦးစိုးမိုးအောင်သည် ဇူလိုင်လအတွင်းကမှ အင်းတော်မြို့သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာသည့် တရားသူကြီးတစ်ဦးဖြစ်ပါသည်။

 (ဟာဂျူလီ-ကသာ)
 
 
 
 

No comments:

Post a Comment