ကျွန်းလှ၊ သြဂုတ် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းကုန်းကျေးရွာနှင့် ချောက်ကြိုးစက်လှေဆိပ်အ ကြားတစ်နေရာတွင် အလက(ခွဲ)ကျောင်းအုပ်ဆရာမတစ်ဦး အလိုမတူဘဲ သားမယားအဖြစ် အချိန်နာရီဝက် ခန့်ကြာ ပြုကျင့်ခံရသည့်အတွက် ကျွန်းလှမြို့မရဲစခန်းက သြဂုတ်လ ၃ ရက်နေ့ည ၁၁ နာရီ၁၅ မိနစ်အချိန် တွင် အမှုဖွင့်အရေးယူလိုက်ရကြောင်း သိရသည်။
အလိုမတူဘဲ သားမယားအဖြစ် အချိန်နာရီဝက်ခန့်ကြာအောင် အဓမ္မပြုကျင့်ခြင်းခံရသည့် အလက(ခွဲ) ကျောင်းအုပ်ဆရာမတစ်ဦးကိုယ်တိုင် ရဲစခန်းသို့လာရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရဲစခန်းက ပြစ်မှုကြီးဖြစ်စဉ်အမှတ် ၂/၂၀၁၄(ပ) ၆၀/၂၀၁၄ ပြစ်မှုပုဒ်မ ၃၇၆ အရအမှုအား ရေးဖွင့်လက်ခံခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
အဆိုပါ ကျောင်းအုပ်ဆရာမသည် ကျောင်းထောက်ပံ့ကြေး စီမံချက်ဆိုင်ရာကိစ္စရပ်များကို ကျွန်းလှမြို့နယ် ပညာရေးမှူးရုံးသို့ သွားရောက်ပို့ဆောင်ပြီး ၎င်း၏ နေရပ်သို့အပြန် အကြိုလာသည့် အမည်မသိ စက်လှေ အား လိုက်ပါစီးနင်းခဲ့ရာမှ ထိုကဲသို့ သားမယားအဖြစ် အဓမ္မပြုကျင့်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်သည် (၁၀၃၀ ဒသမ ၉၇၂)စတုရန်းမိုင် ကျယ်ဝန်းပြီး ဇီးဖြူတောင်တန်း၊ အလယ်ရိုးမတောင် တန်းနှင့် နယ်နမိတ်ချင်း ထိစပ်လျက်ရှိသည်။ အဆိုပါဒေသသည် မိုးတွင်းကာလတွင် လမ်းပန်းဆက်သွယ် ရေး အဆင်ပြေမှုအလွန်းနည်းပါပြီး ရေတတန်၊ ကုန်းတတန်သွားလာရသော ဒေသဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် ပြည်သူ့ဝန်ထမ်းများအနေဖြင့် မိုးတွင်းကာလတွင် တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူသွား ရောက်နိုင်ခြင်းမရှိဘဲ ညအိပ်ညနေခရီးသွားလာကြရသည်။ ထို့ကြောင့် မလိုလားအပ်သော ယင်းကဲသို့ ပြသ နာကိစ္စရပ်များ ဖြစ်ပွားပေါ်ပေါက်ခဲ့ရသည်ဟု ကျွန်းလှမြို့ခံ မြို့မိ၊ မြို့ဖတစ်ဦးက ပြောပြသဖြင့် သိရှိရသည်။
by KoToeChinDween
No comments:
Post a Comment