Sunday, August 10, 2014

ယာဉ်တိုက်မှုကြောင့် ပန်းရဲ့လမ်းအဖွဲ့သား ဆယ်ဦး ဒဏ်ရာရရှိ

ရန်ကုန်၊ သြဂုတ် ၉
ရေးဘေး ဒုက္ခသည်များအတွက် အနုပညာ ဖြင့်ပရဟိတအလှူငွေများ
ကောက်ခံနေသော ပန်းရဲ့လမ်း အဖွဲ့သား ဆယ်ဦးသည် သြဂုတ်လ
၉ ရက်နေ့ ည ၆ နာရီ ခွဲ က လမ်းမတော် မြို့နယ် ဝါးတန်းလမ်းတွင် ကွန်တိန်နာတင် မော်တော်ယာဉ် နင့် တိုက်မှုဖြစ်ပွားခဲ့ သဖြင့် ဒဏ်ရာများရရှိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိနေကြောင်း ပန်းရဲ့လမ်း အဖွဲ့ဝင် ဦး သာထွေး ကပြောကြားသည်။
"ကျွန်တော်တို့က လှည်းတန်းမှာ ပရဟိတ အလှူငွေကောက်ခံပြီးပြန်လာတာ၊ အဲဒီမှာ လွယ်ဟိန်းကုမ္ပဏီ
နားကို ရောက်တော့ ကွန်တိန်နာ တင်တဲ့ကားက ဇွတ်ထွက်လာတာ၊ ကျွန်တော်တို့လဲ ဝုန်းကနဲ အသံကြားမှ တိုက်မိမှန်းသိလိုက်တာ၊ ဒရိုင်ဘာ က ညဘက် တစ်ခြမ်းလုံး အရိုးတွေ ကြေ သွားတယ်၊ ကားခေါင်းထဲမှာ ထိုင်တဲ့ အဖွဲ့သား တစ်ယောက် ခေါင်းပေါက်သွားတယ်၊ ကျန်တဲ့လူတွေကတော့ ထိခိုက်ဒဏ်ရာ နည်းနည်းပါးပါးပဲ ရှိပါတယ်"ဟု ဦးသားထွေး ကဆိုသည်။
ယာဉ်တိုက်မှုကြောင့် ထိခိုက် ဒဏ်ရာများရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဋ္ဌဌာနတွင် ည ၁၁ နာရီ အထိ ဆေးစစ်မှုများ ပြုလုပ်လျက်ရှိကြောင်း ゞင်းက ဆက်လက်ပြောကြားသည်။
ပန်းရဲ့လမ်းအဖွဲ့သည် အနုပညာ ဖြင့် ပရဟိတ အလှူငွေများကောက်ခံကာ စစ်ဘေးဒုက္ခသည်များ၊ ရေးဘေး ဒုက္ခသည်များ ကို သွားရောက်လှူဒါန်းမှုများ ပြုလုပ်လျက်ရှိသည်။

Credit - The Voice Weekly

No comments:

Post a Comment