Friday, August 8, 2014

“၈”လေးလုံး ပြည်သူ့အရေးတော်ပုံကို ဖြတ်သန်းခဲ့သူတို့ရဲ့ အမှတ်တရ ပြောစကားများ

ကိုမြအေး(၈၈ မျိုးဆက်-ငြိမ်း/ပွင့်)

““၈၈ အရေးတော်ပုံတုန်းက လူ့အခွင့်အရေးပြည့်ဝတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီရရှိဖို့ တောင်းဆိုခဲ့တာတွေက ဒီနေ့အချိန် အထိ မရသေးဘူးဗျ။ ကျွန်တော်တို့အနေ နဲ့ ယူဆထားတာက နိုင်ငံရေးအသွင်ကူး ပြောင်းတဲ့ကာလကို တောင် မရောက်သေးဘူး။ နိုင်ငံရေးဖြေ လျော့တဲ့အဆင့်ပဲ ရှိသေးတယ်လို့ မြင်ပါတယ်။အဲဒါကအရမ်းဝေးသေးတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့တောင်းဆို ချက်နဲ့ဆို ဒီလို မျိုးလုပ်ရကိုင်ရရုန်းရကန်ရ ဖြစ်နေတာပေါ့ ဗျာ။ ဒီလိုပဲ ကြိုးစားရဦးမှာ အများကြီးပဲ။ အဓိကကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကြည့်လိုက်ပါ။ အဲဒီဖွဲ့စည်းပုံက ဒီမိုကရက်တစ်စံနဲ့မကိုက် ပါဘူး။ ဒါ ရှင်းနေပါတယ်””

ကိုထွန်းကြည်(နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့)

““၈၈ ကာလတုန်းက ရဟန်းရှင်လူ၊ ကျောင်းသားပြည်သူ၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားပေါင်းစုံ မျှော်မှန်းခဲ့တဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ ကြွေးကြော်သံတွေနဲ့ လှုပ်ရှားခဲ့တာတွေဟာလောလောဆယ်တော့ တပါတီစစ်အာဏာ ရှင်စံနစ် ဗုန်းဗုန်းလဲ သွားတယ်လေ။ အဲဒီ ကာလကနေ ၂၆ နှစ်ပြည့်တဲ့ ကာလ အတွင်းမှာ အသက် ပေါင်းများစွာ၊ ဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့လူတွေကို ကျေးဇူးဆပ်တဲ့အနေနဲ့သော်လည်းကောင်း၊ အဲဒီအချိန်ကာလက ထားရှိခဲ့တဲ့ရည်ရွယ် ချက်တွေ ပြည့်မြောက်ရန်အတွက်သော် လည်းကောင်း၊ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုက ရက်တစ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာ ဖို့အတွက်ကို ရဟန်ရှင်လူ၊ ကျောင်းသား ပြည်သူ၊ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုး ပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ကျောချင်းကပ်ပြီးတော့ လက်ချင်းယှက်ကြပါစို့လို့ တိုက်တွန်းအကြံ ပြုချင်ပါတယ်””

ကိုမင်းဇေယျ (၈၈ ငြိမ်း/ပွင့်)

အခုဆို ၈၈ အရေးတော်ပုံက ၂၆ နှစ်တာကာလပြည့်ခဲ့ပြီပေါ့။ လွန်ခဲ့တဲ့ ၂၆ နှစ်ကစပြီး စစ်မှန်တဲ့ ဒီမိုကရေစီရဖို့ အတွက် အသက်၊ သွေး၊ ချွေးတွေနဲ့ရင်းပြီး တိုက်ပွဲဝင်ခဲ့ကြရတာ အခုထိကို စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဝေးကွာနေသေးတယ်။ ဒါကြောင့် ကျွန်တော်တို့တွေအနေနဲ့ ဆက် လက်လုပ်စရာတွေ အများကြီးရှိနေသေး တယ်လို့ ယုံကြည်တယ်။ စစ်မှန်တဲ့ဒီမိုက ရေစီရရှိဖို့အတွက် ပြည်သူအားလုံး ပါဝင် သိရှိနိုင်မယ့် နှစ်တနှစ်အဖြစ် ၂၆ နှစ်ပြည့် က ရိုက်သွင်းပေးမယ်။
ဒီမိုကရေစီအပြည့်အ၀ရအောင် တို့ ပြည်သူတွေတရပ်လုံး ပူးပေါင်းပါဝင်ဆက် လက်လုပ်ဆောင်သွားကြရမယ်။ ပြည်သူ ပူးပေါင်းပါဝင်မှုအပြင် ဒီမိုကရေစီဖော် ဆောင်မှုဟာ တပ်မတော်၊ နိုင်ငံဝန်ထမ်း အားလုံးကလည်း ဒီမိုကရေစီဆိုတာ သူတို့ နဲ့လည်း သက်ဆိုင်တယ်ဆိုတာသိရအောင် လုပ်သွားကြရမယ်။ တပ်မတော်လည်း တပ်မတော်ရဲ့ ဂုဏ်သိက်္ခာပြည်သူလည်း ပြည်သူတယောကရဲ့ ဂုဏ်သိက္ခာနဲ့အညီ နေနိုင်မယ့် နိုင်ငံတနိုင်ငံဖြစ်ဖို့ ဆက်လက် လုပ်ဆောင်သွားကြရပါမယ်။

ဦးအောင်သိန်း(တရားလွှတ်တော် ရှေ့နေ)

၈၈ ကာလအခြေအနေနဲ့ပတ်သက် လို့ပြောရရင် နိုင်ငံရဲ့ အလှည့်အပြောင်း အချိုးအကွေ့ပြည့်ခဲ့တာတော့ အမှန်ပဲ။ ရဟန်းသံဃာ၊ကျောင်းသား၊လူထုအားလုံး လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ပါဝင်ခဲ့ကြတယ်။ ပြောရရင် ၁၃၀၀ ပြည့် အရေးတော်ပုံနဲ့တောင် မကွာဘူး။
၈၈ နောက်ပိုင်း ယနေ့အချိန်ထိ တိုင်းပြည်မှာ ပြောင်းလဲတာဆိုလို့ ခေတ် တခုပြောင်းလဲတယ်ဆိုတဲ့ အမည်နာမပဲရှိ တယ်။ တကယ်ပြောင်းလဲပြီလို့ ပြောမရ သေးဘူး။ အရင်စစ်ဘက်က သူတွေက အရပ်ဘက်အုပ်ချုပ်မှုအဖြစ် ပြောင်းတာနဲ့ သိသာတဲ့ အစိုးရပြောင်းလဲမှုလို့ ပြောမရ ဘူး။ ဖားတပိုင်း ငါးတပိုင်းအခြေနေပဲရှိ သေးတယ်။
၈၈ အရေးတော်ပုံကာလလို နောက် ထပ်ဖြစ်ပွားတာမျိုး ရှိမလာအောင်တော့ ဆက်လက်လုပ်ဆောင်သွားရမှာပဲ။ နောက် နောင် သွေးမြေမကျ ပြောင်းလဲမှုနဲ့ စစ်မှန် ပြီး ငြိမ်းချမ်းတဲ့ပြောင်းလဲမှုရရှိဖို့ မျှော်လင့် ပါတယ်။

မစုစုနွေး (မြန်မာနိုင်ငံတောင်သူ လယ်သမားသမဂ္ဂ)

““စစ်အာဏာရှင် ကျဆုံးသွားပြီ လားဆိုတော့ လုံးလုံးလျားလျား ကျဆုံး သွားခြင်း မရှိသေးဘူး။ စစ်အာဏာရှင် စံနစ်ဆိုးက အခုအချိန်မှာ သူတို့က ယူနီဖောင်းချွတ် လိုက်တာပဲရှိသေးတယ်။ စစ်အာဏာရှင်ရဲ့ အကျင့်တွေ၊ မူဝါဒတွေ၊ လမ်းစဉ်တွေ အတိုင်း တဖက်လှည့်နဲ့ဆို ဥပဒေကြောင်း အရ သွားပြီးတော့ ဆောင်ရွက်နေတာတွေ ရှိတယ်။ အဲတော့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ (၂၆)နှစ်မြောက် နှစ်ပတ် လည်နေ့မှာ အစ်မပြောချင်တာက စစ် အာဏာရှင်စံနစ် ကျဆုံးရေးကို အစ်မတို့ တောင်းဆိုခဲ့တယ်။ ဒီစံနစ်မကျဆုံးသေး ဘူး။ တဖက်လှည့်နဲ့ရှိနေသေးတာ ဆိုတာ ပါပဲ””

ဦးဝင်းချို (လယ်သမားအရေး ဆောင်ရွက်သူ)

““၈၈ ကာလတုန်းက ပြည်သူတွေ တကယ်တောင်းခဲ့တာက တပါတီအာဏာ ရှင်ပြုတ်ကျရေးပါ။ နိုင်ငံရေးသမားတွေ ထပ်တောင်းသွားတာက ပါတီစုံစံနစ်ပါ။ နောက်တခါ ပြည်သူတွေ အဲဒီအချိန်တုန်း က တကယ်တောင်းခဲ့တာက အခွင့်ထူးခံ တွေပပျောက်ဖို့။ အဲဒီတုန်းက အခွင့်ထူးခံ ပပျောက်ဖို့ တောင်းကြတဲ့လူတွေကိုယ်တိုင် အခွင့်ထူးခံဖြစ်နေတာတွေ မြင်နေရတော့ စိတ်မကောင်းပါဘူး။ ၈၈ အရေးတော် ပုံကြီးက သင်ခန်းစာဟာ ကျွန်တော်တို့ ရပ်သင့် တဲ့အချိန်မှာရပ်ဖို့ပဲ။ ကျွန်တော်တို့ ရပ်သင့် တဲ့နေရာမှာမရပ်ခဲ့လို့ တချို့အကြောင်း အရာတွေက တပတ်ပြန်လည်ကုန်တာကို။ နောက်တခုက အဲဒီတုန်းက ခေါင်းဆောင် တွေမရှိခဲ့ဘူး။ ဦးဆောင်သူလည်း မရှိခဲ့ ဘူး။ ရပ်သင့်တဲ့အချိန်မှာလည်း ကျွန်တော် တို့ မရပ်ခဲ့ကြဘူး”” 

Credit - News Watch(စောင့်ကြည့်သတင်းဂျာနယ်)



 

No comments:

Post a Comment