Friday, August 8, 2014

ကောလင်းခမောက်တောင် ဘုရားစိန်ဖူးတော် ခိုးသူ ဖမ်းမိ

ကောလင်းမြို့မှ ဘုရား တစ်ဆူ၏ စိန်ဖူးတော် ၁၀ နှစ် အတွင်း နှစ်ကြိမ်ခိုးခံရပြီး ယခု တစ်ကြိမ် စိန်ဖူးတော်ခိုးသူကို ခိုးရာပါပစ္စည်းများနှင့် အတူ ဖမ်း မိခဲ့ကြောင်း သတင်းရရှိသည်။
 ကောလင်းမြို့နယ်တွင် တည်ထားကိုးကွယ်သည့် ခမောက်တောင်ဘုရားမှ စိန်ဖူး တော်ပျောက်ဆုံးသော သြဂုတ် ၄ ရက်ညနေက စိန်ဖူးတော်နှင့် ရုပ်ပွားတော်များခိုးသူအဖြစ် မသင်္ကာသူ ရေဦးမြို့နယ်နေ အမျိုးသား တစ်ဦးကို အဆိုပါဘုရားပေါ်၌ပင် ကောလင်းမြို့မရဲစခန်းမှ ရဲများက ဖမ်းမိခဲ့သည်။
အဆိုပါ အမျိုးသားထံမှ ဉာဏ်တော်လေးလက်မခန့်ရှိ ဘုရားစိန်ဖူးတစ်ခု၊ ဉာဏ်တော် သုံးလက်မခန့်ရှိ ဘုရားရုပ်ပွား တော်တစ်ဆူ၊ အမြင့်လေးပေခန့် ရှိ ဓာတ်တော်စေတီတိုက်တစ်ခု၊ ဘိလပ်မြေဖြင့် ပြုလုပ်ထားသော ကျောက်ပုတီးအကြီးစားတစ်လုံး   သိမ်းဆည်းမိခဲ့ကြောင်း သတင်းရရှိသည်။  ကောလင်းမြို့စေတီ တော်၏ ယခင်စိန်ဖူးတော်တစ်ခု မှာလည်း ၂၀၀၃ ခုနှစ်အတွင်းက ပျောက်ဆုံးခဲ့ရာ အထက်ပါ စိန်ဖူး တော်နေရာတွင် စိန်ဖူးတော် အ သစ်တစ်ခုကို ပြန်လည်တပ်ဆင် ခဲ့ကြောင်း ဒုရဲမှူးတစ်ဦးကပြော သည်။
‘‘ပထမစိန်ဖူးတော်က အ စစ်လို့သိရတယ်။ အခုက နောက် ထပ်အသစ်ထပ်တင်ထားတာ။ အဲဒီဘက်မှာ ဘုရားခိုးဂိုဏ်းတွေ ရှိတယ်။ သူတို့က ခိုးလာတဲ့ ဘုရားတွေကို မြ၀တီဘက်ကနေ ထိုင်း နိုင်ငံဘက်ကို လွန်ခဲ့တဲ့ ဆယ်နှစ် ကတည်းက ခိုးထုတ်နေကြတာ’’ ဟု အဆိုပါဒုရဲမှူးကပြောသည်။

Credit -  7Day Daily

No comments:

Post a Comment