မြန်မာပြည်ရဲ့ အရှေ့နဲ့ အနောက်က လဝကနဲ့ အကျင့်ပျက် ဝန်ထမ်းတွေ ကောင်းမှုနဲ့ ဗီဇာမပါ၊ ဘာမပါ အစစ်အဆေး၊ အဖမ်းအဆီး မရှိဝင်လာပြီး စာသင်ဖို့ မပြောနဲ့ ရှိသမျှ လက်ဝါးကြီးအုပ် အကုန်ယူတဲ့
ဇိနတိုင်းသားတွေနဲ့ အနောက်ဘက် တံခါးက တိုင်းရင်းသား ပေးဖို့တောင်းဆိုနေတဲ့ ဗီဇာမဲ့၊ မှတ်ပုံတင်မဲ့ ခိုးဝင်သူတွေနဲ့ နယ်စပ်မှာ ကာထားတဲ့ သံဇူးကြိုးပါ မချန်ဖြတ်ရောင်း နေသူတွေကိုတော့ ခိုးဝင်လာမှန်းသိရက်နဲ့ နေရပ်ကို ပြန်ပို့ဖို့ လုပ်ရပါတယ် ဆိုပြီး လေသံပစ်ဖူး ပါရဲ့လား..။ ဥပဒေကို လိုသလို အတိုးအလျှော့လုပ်ပြီး ဘာကြောင့်နှာစေး နေရပါလဲ.။
တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းလာတပ်ဆင်တဲ့ တချို့ တရုတ်ဝန်ထမ်းတွေ အလည်အပတ်
ဗီဇာနဲ့လာ မြန်မာပြည်ရောက် ဘူဒိုဇာ တက်မောင်း အလုပ်ခိုးလုပ် သေမှ
ဗီဇာမရှိမှန်း သိတဲ့သူတွေကျတော့ ဘာကြောင့်နှာစေး နေရပါလဲ။ ဘယ်နှစ်ခါများ
ဗီဇာစစ်ဆေးဖူးပါလဲ။
ကျုပ်တို့ တိုင်းပြည်အတွက် အန္တာရာယ်ရှိတယ် ဆိုတာ ဘယ်ပေတံနဲ့ တိုင်းတာပါသလဲ အကြောင်းကြောင်းကြောင့် တခြားနိုင်ငံသား ခံယူခဲ့ရပြီး ကိုယ်နိုင်ငံသားတွေ အတွက် ဒီလိုစာလာသင်တဲ့ မြန်မာပြည်သား စစ်စစ်တွေက တိုင်းပြည်အတွက် အန္တာရာယ်ရှိတဲ့ သူတွေလား၊ အရှေ့ဘက်က စီးပွားရေးနဲ့ ဝါးမျို အနောက်ဘက်က လူဦးရေနဲ့ ဝါးမျိုသူတွေထက်
ကိုယ့်ပြည်သူတွေကို အောက်ကျနောက်ကျ မဖြစ်ရလေအောင် မျက်စိဖွင့် နားဖွင့်ပေးဖို အပ်တိုတချောင်းတောင် မရှိ ဘောပင်တချောင်းနဲ့ ပညာဒါန လာသင်ပေးနေသူ ဆရာကိုမောင်မောင်ဝမ်းဟာ ခင်ဗျားတို့ လုံခြုံရေး ရှုထောင့်က အန္တာရာယ်ရှိနေသူဖြစ်လေသလား။
အဆိုပါ ဖာတာ၊ ထေးတာ ဝါသနာပါတဲ့ ပွေးညှက် ဝန်ကြီးဖြေပါ..။
ဒီမိုဝေယံ (Facebook)

No comments:
Post a Comment