[ Voice of the Day ]
လွှတ်တော်ထဲတွင် မဲဆန္ဒရှင်များက ရွေးချယ်ထားခြင်း မရှိသော၊ မဲဆန္ဒနယ်မြေ မရှိသော၊ သက်ဆိုင်ရာ မဲဆန္ဒနယ်အတွက် တင်ပြစရာ မရှိသော၊ အာဏာရှင်ဆန်ဆန် မိမိတို့ ဆုံးဖြတ်ချက်များ မဲအသာ ရရှိရန် အရေအတွက်အားဖြင့် ဖြည့်စွက်ထားသော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များ ရှိနေချိန်တွင် ပြည်သူအများစု အားပေးထောက်ခံ ရွေးချယ်မှုသည် ပီအာရ် စနစ်ကြောင့် ထပ်မံဆုံးရှုံးရဦးမည် ဆိုလျှင် ပန္နက်တည်ထားသော ဒီမိုကရေစီ မုခ်ဦးမှာ အခြေမခိုင် ကျောက်စာတိုင်ကဲ့သို့ ပြိုလဲရန်သာ ရှိတော့မည် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
ဇူလိုင်လ ၂၉ ရက်နေ့ထုတ် True News ဂျာနယ်ပါ
“မီဒီယာ ပီအာရ်နှင့် ဝေဝါးနေသော ဒီမိုကရေစီ” ခေါင်းစဉ်ပေးထားသော အယ်ဒီတာအာဘော်မှ ကောက်နုတ်ချက်
[ ဤကဏ္ဍတွင် ကောက်နုတ် ဖော်ပြထားသော အကြောင်းအရာ များသည် သက်ဆိုင်ရာမီဒီယာ သို့မဟုတ် စာရေးသူများ၏ အာဘော်သာဖြစ်ပြီး The Voice Weekly အယ်ဒီတာအဖွဲ့ အနေနှင့် သဘောတူခြင်း မတူခြင်းကို ကိုယ်စားမပြုဘဲ အပေါင်းလက္ခဏာ ဖြစ်စေ၊ အနုတ်လက္ခဏာ ဖြစ်စေ ထူးခြားသော အသွင်တစ်ခု ဆောင်နေပါက စာဖတ်ပရိသတ်များ သတိပြုမိစေလို၍ ပြန်လည်ကိုးကား ဖော်ပြခြင်း ဖြစ်ပါသည်။ ]

No comments:
Post a Comment