လနှင့် ကမ္ဘာ အနီးဆုံးကျရောက်မည့် သြဂုတ်၁ဝ ရက် (Supermoon Day)တွင် ဆူနာမီ ဖြစ်ပေါ်ကာ ဆိုးရွားစွာ ရေကြီးမည် ဆိုသည့် သတင်းကြောင့် မြန်မာနိုင် ငံ ကမ်းရိုးတန်း ဒေသအချို့တွင် သက်ဆိုင်ရာ ဒေသအာဏာပိုင်များ က သတိပေးနှိုးဆော်ချက်များ ထုတ် ပြန်လျက်ရှိကြောင်း သိရသည်။
ရန်ကုန်မြို့၊ ကမ်းနားအနီးရှိ ရပ်ကွက်များတွင်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံ
''ရခိုင်ပြည်နယ်၊ ငပလီ ကမ်း ခြေတစ်လျှောက်မှာတော့ ဒီလကိုးရက် ကနေ ဆယ့်တစ်ရက်နေ့အထိ ပင် လယ်ထွက်ပြီး ငါးရှာမဆင်းကြဖို့၊
ရေဆင်းမကူးကြဖို့ သတိဝီရိယနဲ့နေ ထိုင်ကြဖို့ဆိုပြီး သက်ဆိုင်ရာဒေသ အာဏာပိုင်တွေက အသံချဲ့စက်နဲ့ လိုက်အော်နေတယ်''ဟု အဆိုပါ ဒေသခံတစ်ဦးက ပြောသည်။
ယင်းသို့ဆိုးရွားစွာရေကြီး ရေလျှံ မှုများ မဖြစ်ပွားစေရန်အတွက် ယခု ၈ရက်နေ့ နံနက်ကလည်း ရခိုင် ပြည်နယ် ခရိုင်အထွေထွေအုပ်ချုပ် ရေးမှူး ရုံးခန်းသို့ သံဃာတော်ကိုး ပါး ပင့်ဖိတ်ကာ အန္တရာယ်ကင်း ပရိတ် တရားတော်များနာကြားခဲ့ကြ ကြောင်းလည်း သိရသည်။
လှိုင်မြို့နယ်၊ ချောင်းဝရပ်ကွက် တွင် နေထိုင်သူတစ်ဦးက ''ရပ်ကွက် ထဲက တစ်ယောက်ကလာပြောတယ်။ ၁ဝပေလောက် ရေကြီးမယ်တဲ့။ အဲဒါ ကြောင့် ပြင်ဆင်စရာရှိတာ ကြိုပြင်ဆင် ဖို့ ပြောတယ်။ ရပ်ကွက်မှာလဲ နေ့ လည်ပိုင်းက အသံချဲ့စက်နဲ့ သတိ ပေးပြောသွားတယ်။ မြေညီထပ်တွေ က ပိုသတိထားရမှာဆိုတော့ အ ထည်ဆိုင်လဲ ဖြစ်တာကြောင့် အမြင့် ကို ရွှေ့ထားဖို့ပြင်ထားတယ်။ လှိုင်က မိုးကြီးရင်ရေကြီးတယ်''ဟု ပြောသည်။
အဆိုပါ ကိစ္စရပ်များနှင့် စပ် လျဉ်း၍ မိုးလေဝသနှင့် ဇလဗေဒ ပညာရှင်ဒေါက်တာထွန်းလွင်က Supermoon ဖြစ်စဉ်ကြောင့် ယင်း နေ့တွင် ထူးကဲဒီရေတက်နိုင်သော် လည်း ဆူနာမီမဖြစ်နိုင်ဟု ပြော ကြားသည်။
''ဆူနာမီကတော့ မဖြစ်နိုင်ပါဘူး။ လောလောဆယ်ပြောနိုင်တာကတော့ Supermoon ဖြစ်မယ့် ၁ဝရက်နေ့ မှာ ထူးကဲဒီရေကတော့ ၇ပေလောက် တက်နိုင်တယ်လို့ သက်ဆိုင်ရာက သတင်းထုတ်ပြန်ထားပါတယ်'' ဟု ဒေါက်တာထွန်းလွင်က ၄င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင်လည်း ရေး သား ဖော်ပြထားသည်။
မိုးလေဝသနှင့်ဇလဗေဒ ညွှန် ကြားမှုဦးစီးဌာန၏ တစ်လ တစ်ကြိမ် ထုတ်ပြန်ထားသော ယခုလအတွက် မြစ်ရေကြီးခြင်း သတင်းထုတ်ပြန် ချက်တွင် သံလွင်၊ ရွှေကျင်၊ ချင်းတွင်း၊ ဧရာဝတီမြစ်များမှာ စိုးရိမ်ရေမှတ် ထက်ကျော်လွန်နိုင်ဖွယ်ရှြိေ
''တစ်လတစ်ကြိမ်ကတော့ စိုးရိမ်ရေမှတ်ကျော်လွန်နို
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အောက်ပိုင်းရှိ တိုင်းနှင့်ပြည်နယ် အချို့တို့တွင်လည်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မြစ်ရေကြီးခြင်း၊ တောင်ကျရေကြောင့် ရေဘေးသင့် ခြင်း၊ မြေပြိုခြင်းနှင့် လေဆင်နှာ မောင်း တိုက်ခတ်ခြင်းအစရှိသည့် သဘာဝဘေးအန္တရာယ်များကိုခံစား
''ရေဘေးသင့်သူတွေကို အစား အသောက်အရင်ထောက်ပံ့တယ်။ အရင်ဆုံး ခေါက်ဆွဲနဲ့ ရေပေါ့။ပြီးမှ လိုအပ်ရင် ဆန်၊ အဝတ်အစား၊ ဆပ်ပြာ တွေရော ထောက်ပံ့တယ်။ တကယ်လို့ အရေးပေါ် အခြေအနေရောက်ရင် လည်း ကူညီနိုင်အောင်အဆင်သင့် ရှိပါတယ်။ တိုင်းနှင့်ပြည်နယ်အသီး သီးက သိုလှောင်ရုံတွေမှာ လုံလုံ လောက်လောက်စုထားပါတယ်''ဟု ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာ ချထားရေး ဦးစီးဌာနမှ ဒုတိယညွှန် ကြားရေးမှူးဒေါ်ဖြူလဲ့လဲ့ထွန
ပြည်သူများကြားတွင် ထွက် ပေါ်နေသည့်သတင်းအတိုင်းရေကြီ
''အဖွဲ့ဝင်တွေ ခွဲထားတယ်။ သူ့ မြို့နယ်အလိုက် ကယ်ဆယ်နိုင်ဖို့လုပ် ထားတယ်။ ကျွန်တော်တို့လဲ ပြည်သူတွေ ပြောတာကြားလို့ အဆင်သင့် လုပ်ထားတာ။ ရေကြီးနိုင်တဲ့မြစ်၊ ချောင်းနား နေရာတွေမှာ အဓိက လုပ်ထားတယ် ၂၄နာရီအသင့်ပဲ'' ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ယခုအချိန်တွင်လည်းဖြစ်ပေါ် နေသည် သဘာဝဘေးအန္တရာယ် များနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းမှလည်း ဒေသ အလိုက် ကူညီဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
MMA
#Democracytoday
Credit -
Yangon Media Group
No comments:
Post a Comment