Monday, August 4, 2014

တစ် နေရာယူ နှစ် အဆင်သင့်



 
 
ပြီးခဲ့သည့် ဇွန်လ  ၁ ရက်၏နံနက်ခင်းမှာ ဖြစ်သည်။ ရာသီဥ တုက သာသာယာယာရှိနေခဲ့ သည်။ ရန်ကုန်တက္ကသိုလ်၏ ၀န်း ကျင်တစ်ဝိုက်မှာ စိန်ပန်းပွင့်ကြွေ များက လေအဝေ့မှာ လွင့်လူးနေ ကြသည်။
အင်းလျားလမ်းနှင့် တက္က သိုလ်ရိပ်သာလမ်းထောင့်ရှိ အိမ် ကြီးတစ်အိမ်ထဲမှာတော့ ထူးခြား သည့် လက်ဖက်ရည်ပွဲတစ်ပွဲက ဧည့်သည် ၁၀ ယောက်အတွက် ပြင်ဆင်ထားသည်။ ကျားသစ် သားရေကွက်၊ မိကျောင်းရေခွံ ကွက်များ ဖုံးလွှမ်းထားသည့် ဆို ဖာတွေပေါ်မှာ သတင်းထောက် ၁၀ ယောက်ထိုင်နေကြသည်။
ပြည်တွင်းသတင်းမီဒီယာ များမှ သတင်းထောက်လူငယ် ၁၀ ဦး၏ ရှေ့မှာ လူတစ်ယောက်ထိုင်နေသည်။ ရှပ်အင်္ကျီလက် ရှည်အနက်ရောင်နှင့် မီးခိုးရောင်
ဘောင်းဘီကို ၀တ်ဆင်ထားသည်။ သူကတော့ နိုင်ငံတကာ သတင်းစာမျက်နှာများမှာ အထင်ရှားဆုံးနှင့် အဝေဖန်ခံရဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးတေဇဖြစ်ပါသည်။
လူငယ်သတင်းသမား ၁၀ ဦးနှင့် ဦးတေဇ၏ တွေ့ဆုံပွဲက သ တင်းစာရှင်းလင်းပွဲ တစ်ခုမဟုတ်ပါ။ အဖွဲ့လိုက်တွေ့ဆုံ မေးမြန်း သည့် အင်တာဗျူးတစ်ခုလည်း မဟုတ်ပါ။ ထူးထရိတ်ဒင်း လုပ်ငန်းစုကြီး၏ အကြီးအကဲ ဦးတေဇက သတင်းမီဒီယာများနှင့် ပတ်သက်သည့် သူ၏ စိတ်ကူးကို ဖိတ်ခေါ်ပြောကြားခြင်းဖြစ်ပါသည်။
သူ၏ စိတ်ကူးကတော့ သတင်းမီဒီယာလုပ်ငန်းဖွံ့ဖြိုးရေး အတွက် ဒေါ်လာတစ်သန်းနှင့် စတင်မည့် သတင်းစာပညာ ကျောင်းတစ်ကျောင်း တည် ထောင်ရေးဖြစ်သည်။ ဦးတေဇက တော့ သူ့စိတ်ကူးက မြန်မာနိုင်ငံ မြောက်ပိုင်းတစ်နေရာမှာ လူငယ် သတင်းသမားများကို သူပေးခဲ့ သည့် ကတိတစ်ခုကို ဖြည့်ဆည်း ခြင်းဟု ဆိုပါသည်။ သူကတိပေး ခဲ့သည့် မြောက်ပိုင်းတစ်နေရာကို ပြန်သွားကြည့်ကြပါစို့။
အင်းလျားလမ်းထောင့်က လက်ဖက်ရည်ဝိုင်းမတိုင်မီ သုံးလ ကျော်က ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ နှောင်းပိုင်းမှာဦးတေဇ၏ အဲပုဂံလေယာဉ် တစ်စီးက သတင်းသမား ၁၄ ဦးကို ရန်ကုန်မှ မန္တလေးလေဆိပ်သို့သယ်ဆောင် လာခဲ့သည်။ မန္တလေး လေဆိပ်အရောက်မှာတော့ အေးရှားဝင်းလေယာဉ်ကြီးက သတင်းသမားများနှင့် မန္တလေးကကျောက်မျက်လုပ်ငန်းရှင်အချို့ကို သယ်ဆောင်ပြီး မြန်မာပြည်မြောက်ပိုင်းက ပူတာအိုမြို့လေးကို ခေါ်ဆောင်သွားပါသည်။ လေကြောင်းခရီးစဉ်၏ အဆုံးမှာတော့ဦးတေဇ ရဟတ်ယာဉ် ပျက်ကျသည့် သုံးနှစ်မြောက် အထိမ်းအမှတ်ဒေသခံများကို ကျေးဇူးဆပ်သည့် အစီအစဉ်က စောင့်ကြိုနေသည်။
နှစ်ညအိပ်၊ သုံးရက်ခရီးမှာ ဦးတေဇ၏ ပူတာအိုဒေသ ‘‘ကျေး ဇူးဆပ်ရေး’’အစီအစဉ်များကို သတင်းသမားများ တွေ့ခဲ့ကြ သည်။ မလိခမြစ်ထဲက ကျွန်းလေး တစ်ကျွန်းပေါ်မှာ ဦးတေဇက ဘုရားတစ်ဆူတည်သည်။ စိန်ဖူး တော်ကို ယခုဖမ်းဆီးအရေးယူခံ နေရသည့် သာသနာရေးဝန်ကြီး ဟောင်း ဦးဆန်းဆင့်ကိုယ်တိုင် သယ်ဆောင်လာခဲ့သည်ဟု လိုက် ပါသွားသည့် သတင်းသမား တစ် ဦးကဆိုသည်။ ခရီးစဉ်အဆုံးမှာ ဦးတေဇက သတင်းသမားများကို လက် ဆောင်ပေးချင်သည့်တိုင် ကျင့် ၀တ်အရ မပေးသင့်သည့်အတွက် ‘‘ကတိ’’တစ်ခုပေးမည်။ သတင်း မီဒီယာဖွံ့ဖြိုးရေးနှင့် ပတ်သက်ပြီး စိတ်ကူးတစ်ခုတင်ပြပါ၊ သူဖြည့် ဆည်းပေးမည်ဟု ဆိုခဲ့သည်။
သတင်းသမားလူငယ်များ က ဘာမှ တင်ပြတောင်းဆိုမှုမပြု လုပ်ခဲ့ကြပါ။ သုံးလကျော်အကြာ ဇွန်လ ၁ ရက်နေ့မှာတော့ ဦးတေဇက သူ့စိတ်ကူးကို ပူတာအိုခရီး စဉ်မှာ လိုက်ပါခဲ့သည့် သတင်း သမား ၁၀ ဦးကို ချပြခဲ့ပါတော့ သည်။
သတင်းစာပညာကျောင်း ကို ဒေါ်လာတစ်သန်းနှင့် စတင် မ တည်ပေးမည်။ ဒေါ်လာ တစ် သန်းကုန်သွားလျှင် ထပ်မံမြှုပ်နှံ ပေးမည်။ ရန်ကုန်မြို့၏ မြို့လယ် ကောင်ပန်းဆိုးတန်းတာဝါမှာ သတင်းစာပညာကျောင်းအတွက် နေရာပေးမည်ဟု   ဦးတေဇက ပြောခဲ့ကြောင်း လက်ဖက်ရည်ပွဲကို တက်ခဲ့ရသူ လူငယ်သတင်း ထောက်တစ်ဦးက ပြန်ပြောပြ သည်။ ပြန်ပြောပြခဲ့သူ လူငယ် သတင်းသမားက သူ့အမည်ကို ထုတ်ဖော်လိုခြင်းမရှိပါ။
မီဒီယာလုပ်ငန်းကို ၀င်ရှုပ် လိုခြင်းမဟုတ်၊ လူငယ်သတင်း သမားများကို ပေးခဲ့သည့် ကတိ ကိုသာ ဖြည့်ဆည်းခြင်းဟု ဦးတေ ဇက ပြောခဲ့သည့်တိုင် သစ်လုပ် ငန်း၊ လေကြောင်းလိုင်း၊ ဟို တယ်နှင့် ရေတွက်နိုင်ရန် ခက်ခဲ သည့် စီးပွားရေးလုပ်ငန်းများကို ပိုင်ဆိုင်သူတစ်ဦးက သတင်းစာ ကျောင်း တည်ထောင်ပေးလိုခြင်းကို အချက်ပေးခေါင်းလောင်းသံတစ်ခုအဖြစ် သဘောထားဖို့ လိုအပ်သည်။
ဦးတေဇ၏ ကမ်းလှမ်းမှု သည် ယနေ့မြန်မာ့သတင်းမီဒီယာ လောက၏ ခက်ခဲရှုပ်ထွေးမှုကို တိုက်ရိုက်ဖော်ပြနေသည်။
မြန်မာ့သတင်းမီဒီယာ ဈေး ကွက်၏ မမျှတဆုံးပြဿနာ တစ်ခုက ရုပ်သံနှင့် ရေဒီယိုမီဒီ ယာလုပ်ပိုင်ခွင့်ကို အစိုးရက ထိန်းချုပ်ထားပြီး နီးစပ်သူ သူဌေးကြီး များကို လုပ်ပိုင်ခွင့်ပေးထားခြင်း ဖြစ်သည်။ Broadcast ဥပဒေ ထွက်မလာသေးသည့်တိုင် မီဒီ ယာအုပ်စုကြီးနှစ်စုက ရုပ်သံဈေး ကွက်ကို တရားမျှတမှုမရှိစွာဖြင့် ထိန်းချုပ်ထားခဲ့ပြီဖြစ်သည်။
ရုပ်သံနှင့် ရေဒီယိုလုပ်ငန်း များကို အစိုးရနှင့် ယုံကြည်စိတ်ချ ရသည့် လုပ်ငန်းရှင်များက ထိန်း ချုပ်ထားသည့်အခါ ပြည်သူတို့၏ အသံများကို မြှင့်တင်ဖို့နှင့် ပြည် သူ့အကျိုးစီးပွားကို ကာကွယ်ဖို့ တာဝန်က ပုံနှိပ်မီဒီယာများ၏ ပခုံးပေါ်ကျရောက်လာခဲ့သည်။ သို့ သော်ပုံနှိပ်မီဒီယာများ ရပ်တည်ဖို့ အတွက် ကြိုးပမ်းအားထုတ်မှုက အထူးခက်ခဲလှပါသည်။ အစိုးရ ထုတ်နေ့စဉ်သတင်းစာများက နိုင်ငံတော်ပိုင်အဆောက်အအုံ၊ လူအင်အား၊ ကိုယ်ပွားပုံနှိပ်စက် များဖြင့် ချုပ်ကိုင်ထားသည့်ဈေး ကွက်မှာ ပုဂ္ဂလိကသတင်းစာများ ခက်ခဲစွာ ကြိုးစားရပ်တည်ကြရ သည်။
  အရှုံးများနှင့် ရင်ဆိုင်နေ သည့်ကြားက ပြည်သူ့အသံများ ကို အတတ်နိုင်ဆုံးကြိုးစားဖော်ပြ ကြသည်။ စတုတ္ထမဏ္ဍိုင်၏ တာ ၀န်ကို အတတ်နိုင်ဆုံးထမ်းရွက် ကြသည့် ပုံနှိပ်သတင်းစာများ နောက်ထပ်ကြုံတွေ့နေရသည့် ရင်ဆိုင်မှုက ဖမ်းဆီးအရေးယူခံရ ခြင်းဖြစ်ပါသည်။ တရားစွဲခံရပြီး ပြင်းထန်သည့် ထောင်ဒဏ်များ ချမှတ်ခံရသူများမှာ ပုံနှိပ်သတင်း စာဆရာများဖြစ်သည်။
ထိုမျှနှင့် မပြီးသေးပါ။ ပုံနှိပ် မီဒီယာ၏ အနာဂတ်အတွက် အကြီးမားဆုံးခြောက်လှန့်မှုက တစ်စတစ်စနှင့် ပုံနှိပ်သတင်းစာ များ၏ ဈေးကွက်ကို တိုးချဲ့ပိုင် ဆိုင်လာနေသည့် ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် သူတို့၏ ရောင်း ရင်းများဖြစ်ပါသည်။
ခေတ်အဆက်ဆက်အစိုးရ နှင့် သားတူညီများ ကောင်းစား ရေးပြုလုပ်ခဲ့ကြသူ လုပ်ငန်းရှင် များက ပြည်သူ့အသံကို အများ ဆုံးကိုယ်စားပြုသည့် သတင်းစာ များကို ကျုံးသွင်းဖို့ ကြိုးစားလာ ကြခြင်းသည် ထူးဆန်းလှသည့် မဟာဗျူဟာတော့ မဟုတ်ပါ။ ဗျူ ဟာအမြင်အရပြောလျှင် အရေးအကြီးဆုံး‘‘နေရာ’’များကို ချုပ်ကိုင်ထားလိုခြင်းသာဖြစ်သည်။ နေရာကောင်းမှ ပစ်ကွင်းကောင်းမည် ဆိုသည့်အယူအဆဖြစ်နိုင်သည်။
သတင်းစာဆရာများ၏ ရဲ ရင့်တည်ကြည်မှု၊ ကျင့်ဝတ်ခိုင်မာ မှု၊ သတင်းစာပညာကျွမ်းကျင်မှု နှင့် ညီညွတ်မှုတို့က သတင်းစာ လောကအနာဂတ်နှင့် လူ့အဖွဲ့အ စည်းအတွက် အရေးကြီးဆုံး အချိန်ဖြစ်ပါသည်။
နိုင်ငံရေးနှင့် စီးပွားရေးရည် ရွယ်ချက်များဖြင့် သတင်းလော ကကို ချုပ်ကိုင်လိုသူများကတော့ သတင်းစာဈေးကွက်တွင် နေရာ ယူ၊ အဆင်သင့်ပြင်၊ ကျည်ဆန် ထည့်၊ မောင်းတင်နေပြီးသား ဖြစ် နေကြပါပြီ။
ငယ်ငယ်က သေနတ်ပစ် တမ်းကစားကြသည့်အခါ ဆိုခဲ့ ကြသည့်အတိုင်း
‘‘တစ် နေရာယူ
  နှစ် အဆင်သင့်
  သုံး ကျည်ဆန်ထည့်
  လေး မောင်းတင်
  ငါး ပစ်နိုင်ပြီ’’
တရားမျှတမှုမရှိသည့် မြန် မာ့သတင်းမီဒီယာဈေးကွက်က ကြိုဆိုပါသည်ခင်ဗျား။         ။

No comments:

Post a Comment