မဲစာရင်းအလွန်အကျွံ မှား၍ ဝေဖန်ခံရသော ရွေးကောက်ပွဲကော်မရှင် က မြန်မာသံတော်ဆင့်ကို အသုံးအနှုန်း သတိ ထားရန် ပေးပို့သည့်ပေးစာ တွင် စာလုံးပေါင်းသတ်ပုံမှားယွင်းစွာ ရေးသား၍ ပေးပို့ခဲ့သည်။ မြန်မာ သံတော်ဆင့် ဂျာနယ်ပါ သတင်းတစ်ပုဒ်နှင့်ပတ်သက်၍ အသုံးအနှုန်းများအား ဥပဒေ၊ နည်း ဥပဒေနှင့်အညီ မှန်ကန်စွာရေးသား ရန်အတွက် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)မှ တဆင့်ပေးပို့ သောပေးစာပါစာပိုဒ် ၃ တွင် ရွေးကောက် ပွဲကော်မရှင်ဥက္ကဋ္ဌဟု ဖော်ပြထားရမည့် အစား ရွေးကော်ပွဲကော်မရှင်ဥက္ကဋ္ဌဟု ဖော်ပြပါရှိခဲ့ သည်။
မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ ၄၊ အမှတ် ၁၅၊ ဇွန် ၂၀-၂၆ ထုတ်စာမျက်နှာ ၁၃တွင် ““မဲ စာရင်းပြုစုမှုကို ရိုင်းပြစွာဟန့်တား သည့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအား အရေးမယူပါက ခရိုင်/ တိုင်းအဆင့်ထိ တိုင်ကြား မည်””ဟု ပါရှိသောသတင်းနှင့် ပတ်သက်၍ အစမှ အဆုံးမဖတ်သူများ အနေဖြင့် ပြည်ထောင်
စုရွေးကောက် ပွဲ ကော်မရှင် ဥက္ကဋ္ဌဖြစ်သူ ဦးတင်အေးမှ ရိုင်းပြစွာပြောဆိုဟန့်တားသည်ဟု ထင်မှတ်စရာ ရှိလာသဖြင့်ဟု ဆိုကာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ တဆင့် မြန်မာသံတော် ဆင့်သို့ပေးပို့သော စာမျက်နှာ ၂မျက်နှာပါ စာတွင်ပင် ယင်းသို့မှားယွင်းစွာပါရှိခဲ့ခြင်းဖြစ်သည်။…
အခြေခံမဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ခဲ့သော ရန်ကုန်တိုင်း ၁၀မြို့နယ်တွင် မြို့နယ်တစ်ခုလျှင် ၈၀ ရာခိုင်နှုန်း အထိမှားယွင်းကာ အမှားအနည်းဆုံးမြို့နယ် မှာပင် ၃၀ ရာခိုင်နှုန်းခန့်ရှိသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ် မြို့၊ အမှတ် ၈ ရပ်ကွက်ရှိ မွေးလ၊ မွေးရက်တူညီသူ ၃၀၀၀ ကျော်။ လပွတ္တာမြို့၊ ကျောက် တန်း ကြီးအုပ်စု ပျံချီ ကျေးရွာ၌ မဲစာရင်းတွင် လူ ၃၀၀ ကျော် မဲစာရင်းတွင် မပါရှိပေ။
ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုရာတွင် ကွန်ပျူတာ အခက်အခဲကြောင့်ဟုဆိုကာ အချိန်များစွာ ကြန့် ကြာခဲ့သော်လည်း မဲစာရင်းများထွက်ပေါ်လာချိန်တွင် အမှားအယွင်း အလွန်များပြားစွာ ပါရှိလာခဲ့ခြင်း ဖြစ် သည်။
မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/

No comments:
Post a Comment