Sunday, July 5, 2015

စစ်ဘုရင် နပိုလီယံလက်ထက်ကတည်း က ပေးအပ်လာ ခဲ့သော ပြင်သစ်နိုင်ငံသား မဟုတ်သူများထဲမှ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆု ၈၈ ကျောင်းသားခေါင်းဆောင် (ဦး)မင်းကိုနိုင်ရရှိ

 ရန်ကုန်၊ ဇွန် ၃၀

ပြင်သစ်နိုင်ငံ၏ စစ်ဘုရင်တစ်ပါးဖြစ်သော နပိုလီယံလက်ထက်ကတည်း က နိုင်ငံ၏သူရဲကောင်းများကို စတင်ချီးမြှင့်ခဲ့ပြီး ယနေ့အချိန် အထိ ပြင်သစ်နိုင်ငံသား မဟုတ်သူများကို ချီးမြှင့်ခဲ့သော ဆုများအနက် အမြင့်ဆုံးဖြစ်သော National Order of Merit ဆုကို ဇွန်လ ၃၀ ရက်က ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင် အား ပြင်သစ်နိုင်ငံသမ္မတ ဖရန့်စစ်နီကိုးလပ်စ်က ချီးမြှင့် ပေးအပ်လိုက် သည်။

အဆိုပါ ဆုတံဆိပ်ချီးမြှင့်ပွဲကို ဦးမင်းကိုနိုင်၏ ဆန္ဒအရ ရန်ကုန်မြို့ရှိ မြန်မာပြည်ဆိုင်ရာ ပြင်သစ် သံအမတ်ကြီး နေအိမ်၌ အကျဉ်းရုံး ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြန်မာပြည် ဒီမိုကရေစီအရေး ကြိုးပမ်းမှု၊ စွန့်လွှတ် အနစ်နာခံမှုများနှင့် တော်လှန်သော အနုပညာရှင် စိတ်ဓာတ်ရှိခြင်းတို့ကြောင့် ပြင်သစ်နိုင်ငံသမ္မတ ဖရန့်စစ်နီကိုးလပ်စ်က ယင်းဆုတံဆိပ်အား ချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဆုလက်ခံရယူပွဲသို့ ဦးမင်းကိုနိုင်က ၎င်းခင်မင်လေးစားသော ဇာတ်သဘင်နှင့် ရုပ်ရှင်လောကမှ အနုပညာရှင်၊ စာရေးဆရာ၊ ကာတွန်းဆရာ၊ အဆိုတော် စုစုပေါင်း ၂၀ ခန့်ကိုသာ ဖိတ်ကြားခဲ့ပြီး သတင်း မီဒီယာများအား ဖိတ်ကြားခဲ့ခြင်း မရှိပေ။

““သူကတော့ ကြီးကြီးကျယ်ကျယ် သူ့ကို မလုပ်ပေးပါနဲ့။ ဒီလိုအချိန်အခါမှာ ဆုတစ်ဆုကို သူ့အနေနဲ့ ကြီးကြီး ကျယ်ကျယ်ကြီး ပေးတာကို မကြိုက်လို့ မီဒီယာလည်း မခေါ်ထားပါနဲ့၊ အကျဉ်းချုံးလေးပဲ သူ့ကိုလုပ်ပေးပါ။ အဲဒီအကျဉ်းချုံးလေးမှာလည်းပဲ တက်မယ့်သူတွေက သူ့ကိုယ်ပွားတွေ၊ သူယုံကြည်စိတ်ချ ချစ်တဲ့သူတွေ အနည်းအကျဉ်းလေးပဲ။ အဲဒီအကျဉ်းချုံး ထားတာကလည်း (ဦး)မင်းကိုနိုင်ရဲ့ သဘောပါ။ ပြင်သစ်သံရုံးရဲ့ သဘော မဟုတ်ဘူးလေ။ သူကပေးတဲ့သူလည်း ကျေးဇူးတင်တယ်၊ သို့သော် အဲဒီအခမ်းအနားမျိုးကို သူ့ကို မလုပ်စေချင်ဘူးပေါ့။ အဲဒါပွဲမှာ လည်း ပြောတယ်၊ ပွဲမှာလည်း သူတောင်းပန်တာပေါ့နော်။ သူ့ကိုကျေနပ် ပေးပါပေါ့။ ဆုပေးတဲ့ ပြင်သစ်အဖွဲ့ကိုလည်း အဲဒီလိုပဲသူပြောတယ်”” ဟု အဆိုပါ ဆုပေးပွဲသို့ တက်ရောက် ခဲ့သည့် ဦးမင်းကိုနိုင်၏ ဖိတ်ကြားခံခဲ့ရသူတစ်ဦးက ပြောသည်။

MH-0025

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment