Monday, July 6, 2015

ပါတီခေါင်းဆောင်ထိုင်ခုံများကို ပါတီဝင်များနှင့် တန်းတူထားရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား

 ရန်ကုန်၊ ဇွန် ၃၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြုလုပ်သည့် အစည်းအဝေးပွဲ များအပြင် အခြားသော ပွဲများတွင်ပါတီ ထိပ်ပိုင်းခေါင်းဆောင် များ နေရာယူထားသည့် ရှေ့တန်းထိုင်ခုံများကို နောက်ဘက်တွင် နေရာယူထားကြသည့် ပါတီ ၀င်များနှင့် တန်းတူထားပေးရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၀ရက်တွင် ပြုလုပ်ခဲ့သော ပါတီဗဟိုကော်မတီ အစည်းအဝေး တွင်ထည့်သွင်းပြောဆိုကာထိုင်ခုံ များကို ပြန်လည်ပြင်ဆင်ခိုင်းခဲ့ ကြောင်း အဆိုပါ အစည်းအဝေးပြုလုပ်သည့် တော်ဝင်းနှင်းဆီခန်းမပိုင်ရှင် ဦးစိုးညွန့်က ဇူလိုင် ၁ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ အစည်းအဝေးကျင်းပသည့်နေ့က ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် ပါတီထိပ် ပိုင်းခေါင်း ဆောင် များထိုင်ရန် ထိပ်ဆုံးတန်းထိုင်ခုံများကို သစ်သားကုလားထိုင်များဖြင့် စီစဉ်ပေးခဲ့ပြီး ပါတီဝင်များ အတွက် နောက် ဘက်တွင် ပလတ်စတစ်ထိုင်ခုံများသာ ချထားပေးခဲ့သည့်အတွက် ယင်းသို့ ပြန် လည်ပြင် ဆင်ခိုင်းခဲ့ခြင်း ဖြစ်သည်။…


““ဒါက သူ့ရဲ့မူပဲဗျ။ ကျွန်တော်ကလည်း သူ့မွေးနေ့ကိစ္စနဲ့အပြင်မှာ အလုပ်တွေရှုပ်နေတော့ ကလေးတွေက ထုံး တမ်းစဉ်လာအတိုင်း ခင်းလိုက်တယ်ပေါ့။ ခါတိုင်းပွဲကြီးတွေဆိုလို့ရှိရင် ရှေ့မှာဆက်တီတစ်တန်း ထည့်တယ်။ နောက် က ပလတ်စတစ်ခုံဖြစ်ဖြစ်၊ သစ်သားခုံဖြစ်ဖြစ် ဆင်တူထည့်တယ်ပေါ့ဗျာ။ ဒါက ခါတိုင်းပွဲတွေမှာ လုပ်ရိုး လုပ်စဉ်ပဲပေါ့။ အစ်မနဲ့ပတ်သက်လာရင် အစ်မက သူ့ကို သီးခြားကျွေးတာလည်း မကြိုက်ဘူး၊ အများကို ဒီဟင်း ကျွေးတယ် ဆိုသူလည်း ဒီဟင်းနဲ့ပဲစားတယ်။ သူ့အတွက် သီးသန့်တစ်ဝိုင်းလုပ်ပေးတာတို့၊ သီးခြားချက် ပေး တာတို့ ဆိုရင် မစားဘူး။

ပြီးတော့ သူက စားလို့ရှိရင်လည်း ဗဟိုကော်မတီဝင်တွေနဲ့ ၀င်မစားဘူး။ နယ်ကလာတဲ့ တိုင်းရင်းသားတွေ၊ ဘာတွေ ညာတွေ အဲဒါမျိုးတွေနဲ့ ကြုံတဲ့ဝိုင်းမှာစားတယ်။ အဲဒီလိုထိုင်တဲ့ အခါမှာလည်း သူ့ကို သီးခြားရှေ့က ဆက်တီကြီးတွေ ဘာတွေနဲ့ လုပ်ပေးထားလည်း သူကမကြိုက်ဘူး။ ကျွန်တော်ကလည်း အဲဒီနေ့က အခမ်း အနားပြင်ရတာကော၊ ဒေါ်စုမွေးနေ့ကော ဘာကောအောက်မှာ လုပ်ရတာရှုပ်နေတော့ အပေါ် တက်မကြည့်မိ လိုက်ဘူး။ ကြည့်တော့ ကြည့်လိုက်တယ်ပေါ့ဗျာ။ ဒါလေးကိုသတိ လက်လွတ်သွားတာပေါ့။ လက်လွတ်သွား တော့ ထုံးစံအတိုင်း ကျွန်တော့်ပဲ ဖိကောခံ ထိတာပေါ့။ ကော်ခုံတွေကိုလည်း နေ့လယ်ခင်း ထမင်းစားပြီးတဲ့ အချိန်မှာ ရှေ့တစ်တန်းကို ဆွဲထုတ်ပြီးတော့ ချက်ချင်းပြင် လိုက်ပါတယ်”” ဟု တော်ဝင်နှင်းဆီ ခန်းမပိုင်ရှင် ဦးစိုးညွန့်က ဇူလိုင် ၁ရက်တွင် မြန်မာသံတော်ဆင့်သို့ပြောသည်။

ထိုင်ခုံများအား တစ်ပြေးညီထားရန် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့ပြီးနောက် ယင်းနေ့ ဇွန်လ ၂၀ ရက် နေ့ လယ်ပိုင်းတွင် ဆက်လက်ပြုလုပ်သည့် အစည်းအဝေးတွင်ခုံများအား တစ်ပြေးညီ ထားပေးခဲ့ရပြီး ဇွန်လ ၂၁ ရက် တွင်ပြုလုပ်သည့် အစည်းအဝေးတွင်လည်း ထိုင်ခုံများကို တစ်ပြေးညီသာထားခဲ့သည်။

ယင်းသို့ ပါတီထိပ်ပိုင်းခေါင်းဆောင်များအတွက် ထိပ်ဆုံးတန်းတွင် သီးသန့်ထိုင်ခုံများ စီစဉ်ပေးထားခြင်းနှင့် ပတ်သက်၍လည်း ““ကုလားထိုင်ဆိုလို့ ကျွန်မ ဦးစိုးညွန့်ကိုပြောရမယ်။ နောက် ဆိုရင် ရှေ့တန်းကို လည်း နောက် တန်းနဲ့ အတူတူ ကုလားထိုင်တွေပဲပေးပါလို့။ အရှေ့တန်းက ကုလားထိုင်တွေက ထိုင်ပြီးလို့ရှိရင် ထရမှာ အင်မတန် ခက်တယ်။ အဲဒါ ဘယ်တော့မှ မကောင်းဘူးလို့။ နောင်ဆိုလို့ရှိရင် နောက်တန်း၊ ရှေ့တန်းမခွဲဘဲ တစ် ပုံစံတည်းလုပ်ပေးပါလို့ ကျွန်မအနေနဲ့ ဦးစိုးညွန့်ကို မေတ္တာရပ်ခံပါရစေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပွဲတိုင်းမှာ အနောက်က ခုံတွေနဲ့ ရှေ့ကခုံတွေတစ်ပြေးညီပဲ ဖြစ်ပါစေ”” ဟု ဗဟိုကော်မတီ အစည်းအဝေးအဖွင့် မိန့်ခွန်း တွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သေးသည်။

MH-0030

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ၏ ပထမအကြိမ်ဗဟိုကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို ရန်ကုန်မြို့တော်ဝင်နှင်းဆီး ခန်းမ၌ ဇွန်လ ၂၀ရက်(ပုံ-၁)နှင့် ၂၁ရက်(ပုံ-၂) တို့တွင် ဆက်တိုက်ပြုလုပ်ခဲ့ရာတွင် ပါတီလူကြီးပိုင်းများထိုင်သည့် ရှေ့တန်းနေရာမှ ခုံများမတူညီတော့ပုံ။
 photo by NLD Chair Person’s Facebook

မြန်မာသံတော်ဆင့်သတင်းဌာန – https://www.facebook.com/myanmarherald

 

 
 

No comments:

Post a Comment