Sunday, February 1, 2015

အမျိုးသားပညာရေး ဥပဒေကြမ်းပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကျောင်းသားကိုယ်စားလှယ်များဘက်က တောင်းဆိုထားသော အချက် ၁၁ ချက်ကို စတင်မဆွေးနွေးမှီ

Yangon News Update - 12:47 PM

အမျိုးသားပညာရေး ဥပဒေကြမ်းပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ကျောင်းသားကိုယ်စားလှယ်များဘက်က တောင်းဆိုထားသော အချက် ၁၁ ချက်ကို စတင်မဆွေးနွေးမှီ အကြို ဆွေးနွေးမှုများအဖြစ် ကျောင်းသားကိုယ်စားလှယ်များက တင်ပြလာသော အချက် ၉ ချက်ကို ယခုပြုလုပ်လျက်ရှိသော လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် လတ်တလောဆွေးနွေးလျက်ရှိကြောင်း သိရသည်။ ကျောင်းသားကိုယ်စားလှယ်များဘက်က ဆွေးနွေးရန် တင်ပြတောင်းဆိုလာသော အချက် ၉ ချက်မှာ အောက်ပါအတိုင်းဖြစ်သည်။

၁။ ဆွေးနွေးပွဲတစ်ကြိမ်ပြီးတိုင်း သဘောတူထုတ်ပြန်ချက်များ ပူးတွဲ ထုတ်ပြန်ရမည်။

၂။ ဆွေးနွေးပွဲဆိုင်ရာအကြောင်းအရာများကို ပြည်သူလူထုသို့ လွတ်လပ်စွာသတင်းထုတ်ပြန်ခွင့် ပြုရမည်။

၃။ ဆွေးနွေးပွဲအတွင်း ညီတူညီမျှ တန်းတူအခွင့်အရေး ရှိရမည်။

၎။ သဘောတူညီမှုသည် ကျောင်းသားကိုယ်စားလှယ်များ၏ သဘောတူညီမှုကို အခြေခံရမည်။

၅။ လက်ရှိဖွဲ့စည်းထားသော ကျောင်းသားဆရာ သမဂ္ဂများ၏ တရားဝင်မှုကို လေးစားစွာအသိအမှတ် ပြုရမည်။

၆။ ပညာရေးမူဝါဒနှင့် ဥပဒေများ နည်းဥပဒေများ ဆက်စပ်ဥပဒေများ ရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ ဆရာဆရာမ ကိုယ်စားလှယ်များ ပါဝင်ရမည်။

၇။ ဒီမိုကရေစီ ပညာရေးသပိတ်တွင် ပါဝင်သူ မည်သူ့ကိုမျှ သပိတ်နှင့်ပတ်သက်ပြီး အရေးယူခြင်းမပြုရ။

၈။ ကျောင်းသားပြည်သူများ ကျေနပ်သော ပညာရေးဥပဒေကြမ်း နည်းဥပဒေများ ဆက်စပ်ဥပဒေများ ရက် (၃၀) အတွင်း ဆွေးနွေး ရရှိလာရမည်။

၉။ လွှတ်တော်မှ အတည်ပြုရာတွင်လည်း ကျောင်းသားထု၏ လိုလားချက်များနှင့် ကိုက်ညီမှု ရှိရမည်။

(ပုံစာ- ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်ပြုလုပ်လျက်ရှိသော အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ
မြင်ကွင်းအချို့)


Credit - Eleven Media Group

 

https://fbcdn-sphotos-d-a.akamaihd.net/hphotos-ak-xfp1/t31.0-8/p180x540/10960227_794538493917109_3914284605432994241_o.jpg 

 

No comments:

Post a Comment