နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ လာသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) ကို ပြင်ဆင်သည့် ဥပဒေကြမ်း
အတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ဥပဒေကြမ်းတွင် ယာယီသက်သခံ
လက်မှတ်ကိုင်ဆာင်ထားသူများ မဲပေးခိုင်ခွင့်နှင့် စပ်လျဉ်း၍ ပြည်ထေင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ် ရာ အောင်မြင်သွားကြောင်း သတင်းရရှိပါသည်။
သမ္မတ ဦးသိန်းစိန် ၏ သဘောထားမှတ်ချက်အပေါ် ပြည်ခိုင်ဖြိုး
လွှတ်တော်ကိုယ်စားလှယ် အများစု ပါဝင်သည့် ဥပဒေကြမ်း ပူးပေါင်းကော်မတီမှ
ဝှိုက်ကတ် ကိုင်ဆောင်ထားသူများအား မဲပေးခွင့်ကို ခွင့်ပြုသင့်ကြောင်း
ပြည်ထောင်စုလွတ်တော်သို့ သဘောထားတင်ပြခဲ့သည်။
ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင်
အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် ၁၃ ဦး
ဆွေးနွေးသည့်အနက် ရခိုင်တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များက
ကန့်ကွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
သို့သော် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ ဘူးသီးတောင် မဲဆန္ဒနယ်မှ ဦးရွှေမောင်၊ “ဝ” နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုင်ရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ၀ှိုက်ကဒ်များ မဲပေးခွင့်ရှိကြောင်း ဆွေးနွေးခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဦးဝင်းမြင့်က မကြာမီ က ပြင်ဆင်ခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများတွင်
ဝှိုက်ကတ်များ မဲပေးနိုင်သည်ဆိုသည့် မပါဝင်သည့်အတွက် ယခုဆုံးဖြတ်ခဲ့သည့်
အတည်ပြုချက်သည် ဥပဒေနှင့် မကိုက်ညီကြောင်း ပြောကြားခဲ့သည်။
ရခိုင်တိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ
ဒေါက်တာအေးမောင်က ၀ှိုက်ကဒ်သမားတွေကို မဲပေးခွင့်ပေးတယ်ဆိုတာ တစ်ဖက်လက်နဲ့
နိုင်ငံသားတွေနဲ့ တန်းတူ အခွင့်အရေးပေးလိုက်တဲ့ သဘောဖြစ်နေပါတယ် ဟု The
Ladies သို့ ဖြေကြားခဲ့သည်။
မြန်မာနိုင်ငံ နယ်စပ်ဒေသများတွင်
ဝှိုက်ကဒ်ကိုင်ဆောင်ထားသူ အများအပြားရှိသည့်အနက် ရခိုင်ပြည်နယ်တွင်
အများဆုံးဖြစ်သည်။ ရခိုင်ပြည်နယ် တစ်ခုတည်းတွင် ၀ှိုက်ကဒ် ကိုင်ဆောင်ထားသည့်
ဘင်္ဂါလီဦးရေ ၆ သိန်းကျော်ရှိသည် ခန့်မှန်းကြသည်။
ရခိုင်တိုင်းရင်းသားကိုယ်စားလှယ် ဒေါ်ခင်စောဝေက ၀ှိုက်ကဒ် ကိုင်ဆောင်ထားသူများကို မဲပေးခွင့်ပြုလိုက်မည်ဆိုပါက ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေပါ ပြဠာန်းချက်များ ချိုးဖောက်ပစ်ပယ်ခြင်း ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။
The Ladies News Journal
No comments:
Post a Comment