ကျောင်းသား သပိတ်စစ်ကြောင်းအား မကွေးတိုင်း၊ ဒေါင်းနေချောင်းအတက်တွင်
မကွေးမြို့ အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့ စီတန်းလှည့်လည်ခြင်းသည် ပုဒ်မ ၁၈
နှင့် ညိစွန်းသည်ဟု လာရောက်အသိပေးခဲ့သည်။

မန္တလေး
ကျောင်းသားသပိတ် စစ်ကျောင်းသည် ရေနံချောင်းမြို့နယ်မှ နံနက် ၈ နာရီ ၃၀
မိနစ်မှ စ၍ မကွေးမြို့မှ ရေနံချောင်းသို့ စတင်ထွက်ခွာလာစဉ်။ (ဓာတ်ပုံ -
အောင်ကိုဦး၊ မဇ္ဈိမ)
"သူတို့ကို ခွင့်မပြုဘူးလို့ မပြောခဲ့ဘူး။ အခုလိုလျှောက်တာ ဥပဒေနဲ့မညီဘူးပဲ ပြောခဲ့တယ်။ ကိုယ့်နယ်ထဲရောက်လာပြီဆိုတော့ ကိုယ့်မှာ စောင့်ရှောက်ဖို့ တာဝန်ရှိတယ်။ စောင့်ရှောက်သွားမယ်။" ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းက မဇ္ဈိမကို ပြောသည်။
ကျောင်းသားသပိတ်စစ်ကြောင်းသည် ဖေဖော်ဝါရီ ၂ရက် နံနက်က ရေနံချောင်းမြို့နယ်မှ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ညနေ ၆နာရီခန့်တွင် ဒေါင်းနေချောင်း အတက်၌ အုပ်ချုပ်ရေးမှူးက ယင်းကဲ့သို့ လာရောက်အသိပေးကာ ဆက်လက်ထွက်ခွာခွင့် ပြုခဲ့သည်။
သပိတ်စစ်ကြောင်းသည် ဇန်နဝါရီ ၂ရက် ညတွင် မကွေးမြို့၊ ကံပြားကျေးရွာတွင် အိပ်စက်နားမည်ဖြစ်သည်။
Credit - Mizzima News
No comments:
Post a Comment