Monday, July 6, 2015

နယ်စပ်တစ်လျှောက်တွင် မြန်မာနှင့် ဒီကေဘီအေ တိုက်ပွဲများ ဖြစ်ပွားနေ၍ ထိုင်းစစ်တပ်များကို တပ်လှန့်ထားဟုဆို


မြန်မာအစိုးရတပ်များနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (ဒီကေဘီအေ)တို့ကြား တိုက်ပွဲများ
 ဖြစ်ပွားပြီးနောက်တွင် ထိုင်းစစ်တပ်များကို တက်ခရိုင် နယ်စပ်တစ်လျှောက်တွင် ဖြန့်ချထားခဲ့ရသည်ဟု ဆိုသည်။

ဆဲဗင်းဇူလိုင် အခမ်းအနားကို တစ်နိုင်ငံလုံး ပြုလုပ်ရန် ဖမ်းဆီးခံ ကျောင်းသားများမှာကြား

ရန်ကုန်၊ ဇွန်

အမျိုးသားပညာရေး ဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဖမ်းဆီးခံ ကျောင်းသားများ၏ ၇ ကြိမ်မြောက် ရုံးထုတ် စစ်ဆေးချိန်တွင် ဖမ်းဆီးခံ ကျောင်းသားများက ဆဲဗင်းဇူလိုင် အခမ်းအနားကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လှုပ်ရှားမှု ပြုလုပ်ရန် မှာကြားလိုက်ကြောင်း ရုံးချိန်းသို့ သွားရောက်ခဲ့သူ ဗ-က-သ အဖွဲ့မှ ဗဟိုကော်မတီဝင် ကိုရှိန်းရာဇာထွန်းက ဇွန် ၃၀ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

ဖမ်းဆီးခံ ကျောင်းသားများ၏ သာယာဝတီမြို့နယ် တရားရုံး၌ ၇ ကြိမ်မြောက် ရုံးထုတ်ရာတွင် အမှုတွဲ မရှိ သောကြောင့် အမှုမစစ်ဆေးဖြစ်ဘဲ ဖမ်းဆီးခံ ကျောင်းသား ခေါင်းဆောင်များက လာရောက် ကြည့်ရှု အားပေးသော ဗ-က-သ ကျောင်းသားများကို ဆဲဗင်းဇူလိုင် အခမ်းအနား ပြုလုပ်ရန် မှာကြားခဲ့ပြီး သာယာဝတီ တရားရုံးတွင်လည်း ဆဲဗင်းဇူလိုင် အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ကာ ကမ္ဘာမကျေ သီချင်းသံပြိုင် သီဆို ခဲ့ကြသည်။

စစ်အစိုးရခေတ် သစ်တောဝန်ကြီးဘ၀ အပျော်ရွှင်ဆုံးဟုဆိုသည့် ၀န်ကြီးချုပ် ဦးသိန်းအောင် ဇာတိ အင်္ဂပူမဲဆန္ဒနယ်မှပင် ၀င်ပြိုင်မည်

 ပုသိမ်မှာဝင်ပြိုင်ရင် ရှုံးသွားမှာပေါ့ … တိုင်းဒေသကြီးအဆင့်ပဲ ၀င်ပြိုင်မှာပါ .. ပြည်ထောင်စုအဆင့် မမှန်းပါဘူး …

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ပုသိမ်၊ ဇူလိုင် ၁

ဧရာဝတီတိုင်းဒေသကြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌနှင့် ၀န်ကြီးချုပ် ဦးသိန်းအောင်က လာမည့် ၂၀၁၅ရွေးကောက်ပွဲ တွင် ယခင်အနိုင်ရ မဲဆန္ဒနယ်ဖြစ်သော အင်္ဂပူမြို့နယ်တွင် ပြန်လည် ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း အဖြစ် တာဝန် ထမ်းဆောင်သည့် ကာလများအနက် သစ်တောဝန်ကြီးအဖြစ် တာဝန်ယူခဲ့ရသည်အချိန်မှာ အပျော်ရွှင်ဆုံးဖြစ်ကြောင်း တပ်မတော်မှ ဗိုလ်မှူးချုပ်ရာထူးဖြင့် အနားယူခဲ့သူ ၀န်ကြီးချုပ် ဦးသိန်းအောင်က ဇွန်လ ၂၅ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။

ပါတီခေါင်းဆောင်ထိုင်ခုံများကို ပါတီဝင်များနှင့် တန်းတူထားရန် ဒေါ်အောင်ဆန်းစုကြည်ညွှန်ကြား

 ရန်ကုန်၊ ဇွန် ၃၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြုလုပ်သည့် အစည်းအဝေးပွဲ များအပြင် အခြားသော ပွဲများတွင်ပါတီ ထိပ်ပိုင်းခေါင်းဆောင် များ နေရာယူထားသည့် ရှေ့တန်းထိုင်ခုံများကို နောက်ဘက်တွင် နေရာယူထားကြသည့် ပါတီ ၀င်များနှင့် တန်းတူထားပေးရန် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၀ရက်တွင် ပြုလုပ်ခဲ့သော ပါတီဗဟိုကော်မတီ အစည်းအဝေး တွင်ထည့်သွင်းပြောဆိုကာထိုင်ခုံ များကို ပြန်လည်ပြင်ဆင်ခိုင်းခဲ့ ကြောင်း အဆိုပါ အစည်းအဝေးပြုလုပ်သည့် တော်ဝင်းနှင်းဆီခန်းမပိုင်ရှင် ဦးစိုးညွန့်က ဇူလိုင် ၁ရက်တွင် မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ အစည်းအဝေးကျင်းပသည့်နေ့က ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်အပါအ၀င် ပါတီထိပ် ပိုင်းခေါင်း ဆောင် များထိုင်ရန် ထိပ်ဆုံးတန်းထိုင်ခုံများကို သစ်သားကုလားထိုင်များဖြင့် စီစဉ်ပေးခဲ့ပြီး ပါတီဝင်များ အတွက် နောက် ဘက်တွင် ပလတ်စတစ်ထိုင်ခုံများသာ ချထားပေးခဲ့သည့်အတွက် ယင်းသို့ ပြန် လည်ပြင် ဆင်ခိုင်းခဲ့ခြင်း ဖြစ်သည်။…

ကြီးနိုင်ငယ်ညှင်း မြန်မာပြည်

မြန်မာသည် ကျောက်ခေတ်က မထွက်နိုင်သေးဟုဆိုသော် ရ၏။ အဘယ့်ကြောင့်ဆိုသော် ကျောက်ခေတ်က အင်အားသာသူက ကြီးမှူးနိုင်သည်။ သူ့ကို ကျန်သူများက ကြောက်ရသည်။ တိရစ္ဆာန်နှင့် မကွာသော လူ့ဘဝများဟု ဆိုသော် ရ၏။

ယနေ့မြန်မာသည်လည်း လက်နက်ရှိသူက အာဏာရှိသကဲ့သို့ ဖြစ်သည်။ စစ်အာဏာရှင်များ အချိန်ယူကာ စနစ်တကျ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိုင်ပေါ်က ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲဖြင့် သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရက မြန်မာကို အုပ်စီးထားသည်။

ယင်းထုံးပုံဖြင့်ပင် မပြောင်းမလွဲဘဲ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကို ခရီးဆက်ကြဦးမည်။ ပြည်သူ့ဆန္ဒကားနောက် စစ်တပ်ဆန္ဒကားရှေ့ ဖြစ်ခဲ့ပြီးဖြစ်ရာ ပြည်သူများ၏ အဖိနှိပ်ခံ၊ အဖမ်းဆီးခံ၊ ပစ်ခတ် သတ်ဖြတ်ခြင်း ခံရသည်များ၊ တရားဥပဒေ မစိုးမိုးသည်များကို လွယ်လွယ်ဖြင့် ကျော်ဖြတ် ရနိုင်ဦးမည် မဟုတ်ပါ။

ဒဂုံစီးတီး ရပ်ဆိုင်းမည့် အမိန့်စာ မထုတ်ပြန်ပေးနိုင်သေး


ရန်ကုန် (မဇ္ဈိမ) ။ ။ ဗုဒ္ဓဘာသာ အများစု၏ ယုံကြည်ကိုးကွယ်ကြသော ရွှေတိဂုံစေတီတော်အနီးတွင် အကောင်အထည်ဖော်မည့် ဒဂုံစီးစီမံကိန်းများ ရပ်ဆိုင်းမည့် အမိန့်စာကို နိုင်ငံတော်သမ္မတက

Sunday, July 5, 2015

ကိုယ်တိုင်ဂျာနယ်ထုတ်ဝေခွင့် လျှောက်ထားခဲ့ဖူးသော သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၏ ဆောင်းပါး NCA မူကြမ်းကို မပြင်ဆင်ဘဲ လက်မှတ် ထိုးရန် နှပ်ကြောင်းပေးခြင်းဖြစ်

 ရန်ကုန်၊ ဇွန် ၃၀

အမေရိကန် အခြေစိုက် Foreign Policy မဂ္ဂဇင်းတွင် Seize The Moment For Peace ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဇွန် ၂၇ ရက်ထုတ် 7 Day Daily သတင်းစာတွင် ““ငြိမ်းချမ်းရေးအတွက် လက်မလွှတ် သင့်သည့် အခါကောင်း”” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ရေးသား ခဲ့သော ဆောင်းပါးပါ ဖော်ပြချက်များသည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစု များနှင့် နောက်ဆုံးအကြိမ် သဘောတူညီထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် မူကြမ်းကိုသာ အတည်ပြု သဘောတူ စေလိုသည့် ရေးသားမှုများသာ ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များက ဇွန်လ ၂၉ ရက်တွင် မြန်မာသံတော်ဆင့်မှ တစ်ဆင့် ဝေဖန် ပြောကြားလိုက်သည်။

ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက 7 Day Daily သို့ ပေးပို့သည့် ဆောင်းပါးတွင် ““ယခင်က အခြားသော ငြိမ်းချမ်းရေး သဘောတူညီချက်များအကြား အခြားကွာခြားချက် တစ်ခုလည်း ရှိသေးသည်။ ယင်းမှာ အစိုးရက သဘောတူစေလိုသည့် အချက်များကို ချပြပြီး တိုင်းရင်းသား အဖွဲ့များက သဘောတူ