သရဖူအသိမ်းခံရပြီးနောက် ဒေါ်လာတစ်သိန်းတန် သရဖူကိုယူပြီး
ရှောင်တိမ်းနေတယ်လို့ စွပ်စွဲခံထားရတဲ့ အာရှပစိဖိတ် အလှမယ်ဟောင်း
မေမြတ်နိုးက စက်တင်ဘာ ၂ ရက် နံနက်ပိုင်းမှာ ဦးဝိစာရလမ်းမှာရှိတဲ့ The House
of Memories စားသောက်ဆိုင်မှာ သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပါတယ်။
မေမြတ်နိုးဟာ အထက်ပါကိစ္စရပ်တွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်တစ်ခုချင်းစီကို
အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ဖြေရှင်းခဲ့တာဖြစ်ပြီး ဒီပွဲကို
ပြည်တွင်းမီဒီယာတွေအပြင် နိုင်ငံတကာမီဒီယာသမားတွေလည်း တက်ရောက်ခဲ့ကြပါတယ်။
အပြည့်အစုံဖတ်ရန် - http://7daydaily.com/video/19775
Credit - 7Day News Journal
No comments:
Post a Comment