ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ ပထမအကြိမ် ညီလာခံကို ချင်းမိုင် မြို့၌ သြဂုတ်လ ၂၅ ရက်နေ့က စ တင်ကျင်းပခဲ့ခြင်းဖြစ်သည်။
အဆိုပါညီလာခံသို့ တိုင်းပြည် အတွက် တိုင်းရင်းသားအားလုံးအ တွက် အရေးကြီးတဲ့ အလှည့် အပြောင်း စိန်ခေါ်မှုများ ကြုံကြိုက်ခဲ့သည်ကို သတိထားမိပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အင်အားစုများ အနေဖြင့် စုစုစည်းစည်း ညီညီ ညွှတ်ညွှတ်နှင့် ဖြတ်ကျော်နိုင်ခဲ့သည် ကို ချီးကျူးဂုဏ်ပြုကြောင်း အပါအ၀င် အဆိုပါ ညီလာခံ မှနေ၍ ရေရှည် တည်တံ့ခိုင်မြဲစေမည့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ နိုင်ငံရေးဆွေးနွေးပွဲ ဆိုင်ရာ မူဘောင်တစ်ခု ဆွေးနွေးညှိ နှိုင်းမည်ဟု ယုံကြည်ကြောင်း ဒေါ် အောင်ဆန်းစုကြည်မှ သ၀ဏ်လွှာရေး သားပေးပို့ခဲ့ခြင်းဖြစ်သည်။
“အခုလုပ်နေတဲ့ အလုပ်တွေပေါ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးတဲ့ အလုပ်၊ နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ပြင်ဆင်တဲ့အလုပ် ဒီလုပ်ငန်းမျိုးကိုလည်း ကျွန်တော်တို့က ပိုပြီးတော့ ထိထိ ရောက်ရောက်ဖြစ်အောင် ပိုပြီးတော့ စည်းစည်းရုံးရုံးနဲ့ ပါဝင်နိုင်အောင် နည်းလမ်းလည်း ရှာတာပါ” ဟု UNFC ညီလာခံဖြစ်မြောက်ရေးကော်မတီ
UNFC သက်တမ်းအတွင်း အဖွဲ့ ၀င်အဖွဲ့အစည်းအင်အား ညီညွှတ်မှု ကို မြှင့်တင်ရန်နှင့် အဖွဲ့ဝင် မဖြစ်သေး သည့် အဖွဲ့များနှင့်လည်း ပူးပေါင်း ဆောင်ရွက်လို၍ ယခုကဲ့သို့ ညီလာခံ ကျင်းပ ရခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
ညီလာခံတွင် UNFC ၏ ဖွဲ့စည်း ပုံအခြေခံဥပဒေကို ပြန်လည်သုံးသပ် မွမ်းမံပြင်ဆင်ရေးဆွဲ သွားမည် ဖြစ်ကြောင်းနှင့် နောင်သက်တမ်းအ တွက် ဦးဆောင်မည့် ခေါင်းဆောင် သစ်များအား ဒီမိုကရေစီ နည်းအရ ရွေးချယ်သွားမည်ဖြစ်သည်ဟု ညီ လာခံတတ်ရောက်နေသည့် အဖွဲ့အစည်း တစ်ခုမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“ UNFC ရဲ့ ပထမဆုံးအကြိမ် ဒီညီလာခံကျင်းပပြီးရင်တော့ တိုင်း ရင်းသားအဖွဲ့အစည်းတွေ၊ ဒီမိုကရေစီ အင်အားစုတွေအပါအ၀င် နိုင်ငံရေး ပါတီအင်အားစုတွေနဲ့ ဆက်လက် တွေ့ဆုံပြီး သြဂုတ်လ ၂၉ ရက်နေ့မှာ ၂ ရက်ကြာ ထပ်မံဆွေးနွေးသွားကြဖို့ စီစဉ်ထားတယ်”ဟု ညီလာခံမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
UNFC ညီလာခံသို့ KIO, KNU, KNPP, NMSP, CNF, SSPP, PNLO, PSLF, LDU, ANC, WNO, MNDAA အစရှိသည့် အဖွဲ့ ခေါင်းဆောင်များအပြင် ဆက်စပ် အဖွဲ့အစည်းများဖြစ်သည့် ALP/AA/DKBA/ ငြိမ်းချမ်းရေးကောင်စီ PC/ABSDF အစရှိသည့် အဖွဲ့များ မှာ ကိုယ်စားလှယ် များလည်း တတ်ရောက်ခဲ့သည်။
အဆိုပါပွဲသို့ ညီလာခံကိုယ်စား လှယ် ၁၀၀ နီးပါးတက်ရောက်ခဲ့ သော်လည်း UWSA ၀ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော်၊ အ မျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NSAA-ESS) မိုင်းလားတပ်ဖွဲ့မှ တာဝန်ရှိသူအချို့ တက် ရောက်ခဲ့ခြင်းမရှိဟု သိရသည်။
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် တိုင်းရင်းသားညီလာခံခေါ်ယူ၍ UNFC အဖွဲ့ကို စတင် တည်ထောင် ဖွဲ့စည်းခဲ့သည်။
MMK
The Ladies News Journal

No comments:
Post a Comment