ဂျာမနီနိုင်ငံ၏ အဓိပတိ မာကယ်က ‘စီးပွားရေးတိုးတက်ဖို့အတွက
မြန်မာသမ္မတကမူ စီးပွား ရေးအောင်မြင်မှုတွေ ရလာရင် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုတွေ ပိုမိုလွယ်ကူလာမှာပါ’ ဟု ကွဲပြားခြားနားသည့် အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီနှင့် နိုင်ငံရေးပြုပြင်ပြောင်းလဲ
ခေါင်းဆောင်နှစ်ဦး၏ ဆွေးနွေးပွဲအပြီး ပြုလုပ်ခဲ့သည့် ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ တွင် မာကယ်က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ် နှံမှုနှင့် ဖွံ့ဖြိုးရေး အကူအညီများ ပိုမိုပေးအပ်သွားရန် အသင့်ရှိသော်လည်း နိုင်ငံအတွင်း လူ့အခွင့်အရေး အခြေအနေ များအား အနီးကပ်စောင့်ကြည့်နေမည် ဟု ပြောကြားခဲ့သည်။
‘မြန်မာနိုင်ငံဟာ တိုင်းရင်းသား လူမျိုးစုတွေ စုံလင်ပြီး စီးပွားရေးဖွံ့ဖြိုး တိုးတက်ဖို့ ငြိမ်းချမ်းရေးလိုအပ်ပါတယ်။
မြန်မာနိုင်ငံ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု၏ မှတ်ကျောက် အ ဖြစ် သတ်မှတ် ထားသည့် လာမည့်နှစ် ရွေးကောက်ပွဲမှာ လွတ်လပ်မျှတကာ ပွင့်လင်းမြင်သာမှု ရှိပြီး မည်သူမဆို ၎င်းတို့၏ပါတီအား ကိုယ်စားပြုကာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရန် မျှော်လင့်ကြောင်း မာကယ်ကပြောကြားသည်။
သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံ သည် ဒီမိုကရေစီပြုပြင်ရေး လမ်းကြောင်းပေါ် သို့ရောက်ရှိခဲ့သည်မှာ ၃ နှစ်ခန့် သာရှိသေးပြီး အခက်အခဲများ ကြုံတွေ့ ခဲ့ရ သော်လည်း သွေးထွက်သံယိုမှုမရှိ ဘဲ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်နိုင် ခဲ့ကြောင်း စကားပြန်မှ တစ်ဆင့် ပြောကြားခဲ့သည်။
အတိုက်အခံများ၏ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်း ဆိုချက်အား လွှတ်တော်က ထောက်ခံပြီး လူထုထောက်ခံမှုရရှိပါက ၎င်းကပါ ထောက်ခံသွားမည်ဟု ဦးသိန်းစိန် ကပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင် ပြောင်းလဲမှုအား မာကယ်က ချီးကျူး ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲ အတွက် ပြင်ဆင်မှုများအား စောင့် ကြည့်နေဆဲဖြစ်သည်ဟု ပြောကြားခဲ့သည်။
KHTun
Ref - DW.de
The Ladies News Journal

No comments:
Post a Comment