ပဉ္စာနန္တရိယကံနဲ့ပတ်သက်ပြီး မရှင်းလို့ မေးစရာလေးရှိပါ တယ်။ သိလိုတာက လူတွေ(သာမန်အရပ်သား သို့မဟုတ် ဥပါသကာ ဥပါသိ ကာမတွေ)က သံဃာညီညွတ်မှုကို ပျက် ပြားအောင်လုပ်တာလား သို့တည်းမဟုတ် အမှတ်တမဲ့ဖြစ်စေ တမင်သက်သက်ဖြစ်စေ သံဃာကပဲ သံဃာညီညွတ်မှုကို ပျက်ပြားအောင်လုပ်နိုင်တာလာ
အဲဒီလိုအငြင်းပွားမှုဟာ တစ်ခါတစ်ရံမှာ အဲဒီဒေသက လူတွေကိုရော ရဟန်းသံဃာတွေကိုပါ ကွဲပြားသွားစေပါတယ်။ ပါဠိကျမ်းဂန်နဲ့ဖြစ်ရပ်မှန်
ကိန္နရီနွဲ့ဆန်းယဉ်
သံဃာသင်းခွဲသူ
*********************
''ဥပါလိ၊ လူ(ဥပါသကာ၊ ဥပါသိကာမ) သာမဏေ တို့သည် သံဃာကိုမခွဲနိုင်။ ခွဲခြားငှာသော်ကား အားထုတ်နိုင် ၏ (ဝိ ၄၊ ၃၆၇)''လို့ အရှင်ဥပါလိမထေရ်ကို မြတ်ဗုဒ္ဓ မိန့် တော်မူတဲ့အတွက် သံဃာသင်းခွဲသူဟာ ရဟန်းပဲဖြစ်နိုင်ပါ တယ်။ လူ၊ သာမဏေတွေကတော့ သံဃာကွဲအောင် ဘေးက နေပြီး သွေးထိုးလှုံ့ဆော်သူပဲဖြစ်နိ
''ဥပါလိ၊ ပကတတ်ဖြစ် (အာပတ်စင်ကြယ်)သော၊ တူမျှသောပေါင်းသင်းမှုရှိ (မကွဲပြားသေး)သော၊ တူမျှသော သိမ်(သိမ်တစ်ခုတည်း)၌တည်သော
(သိမ်ထဲမှာ ဖြစ်ပေမယ့်) ရဟန်းကိုးပါးမပြည့်ရင် သံဃာသင်းခွဲသူလို့လည်း မဆိုနိုင်၊ ပဉ္စာနန္တရိယကံလည်း မထိုက်ဘူး (မ-ဋ္ဌ ၄၊ ၇၇)။ သင်းခွဲသူအဓမ္မဝါဒီရဲ့နောက်လ
မှတ်ဖို့က ပဉ္စာနန္တရိယကံမြောက်တဲ့ သံဃာသင်းခွဲ မှုကို ရဟန်းကပဲဖြစ်စေနိုင်တယ်လို့
ဘေဒကရဝတ္ထု ၁၈ မျိုး
************************
၁) ရဟန်းသည် အဓမ္မ(မမှန်သည်)ကို ဓမ္မ(အမှန်)ဟုဆို၏။
၂) ဓမ္မ(မှန်သည်)ကို အဓမ္မ(မမှန်)ဟုဆို၏။
၃) အဝိနယ(ဝိနည်းမဟုတ်)ကို ဝိနယ(ဝိနည်းဟုတ်) ဟုဆို၏။
၎) ဝိနယ(ဝိနည်းဟုတ်)ကို အဝိနယ(ဝိနည်းမဟုတ်) ဟုဆို၏။
၅) ဗုဒ္ဓဟောကို ဗုဒ္ဓမဟောဟုဆို၏။
၆) ဗုဒ္ဓမဟောကို ဗုဒ္ဓဟောဟုဆို၏။
၇) ဗုဒ္ဓလေ့ကျက်သည်ကို မလေ့ကျက်ဟုဆို၏။
၈) ဗုဒ္ဓမလေ့ကျက်သည်ကို လေ့ကျက်ဟုဆို၏။
၉) ဗုဒ္ဓပညတ်သည်ကို မပညတ်ဟုဆို၏။
၁ဝ) ဗုဒ္ဓမပညတ်သည်ကို ဗုဒ္ဓပညတ်ဟုဆို၏။
၁၁) အာပတ်မဟုတ်သည်ကို အာပတ်ဟုဆို၏။
၁၂) အာပတ်ဟုတ်သည်ကို မဟုတ်ဟုဆို၏။
၁၃) အပြစ်ပေါ့အာပတ်ကို အပြစ်လေးအာပတ်ဟုဆို၏။
၁၄) အပြစ်လေးအာပတ်ကို အပြစ်ပေါ့အာပတ်ဟုဆို၏။
၁၅) ခြွင်းချက်ရှိအာပတ်ကို ခြွင်းချက်မရှိအာပတ်ဟု ဆို၏။
၁၆) ခြွင်းချက်မရှိအာပတ်ကို ခြွင်းချက်ရှိအာပတ်ဟု ဆို၏။
၁၇) ရုန့်ရင်းသောအာပတ်ကို မရုန့်ရင်းသောအာပတ် ဟုဆို၏။
၁၈) မရုန့်ရင်းသောအာပတ်ကို ရုန့်ရင်းသောအာပတ် ဟုဆို၏။
(ဝိ ၄၊ ၃၆၇)
တခြားစီယူပါ
**************
ဒီနေရာမှာ သံဃဘေဒက ဖြစ်အောင်လုပ်(သံဃာ သင်းခွဲ)လို့ ကံကြီးထိုက်တာနဲ့ သံဃာ့ညီညွတ်ရေးပျက်အောင် လုပ်တာကို တခြားစီယူသင့်ပါတယ်။ ပါဠိတော်မှာဆိုတဲ့အတိုင်း သံဃာ့ညီညွတ်ရေးပျက်အောင်တော
အဲဒီလိုလုပ်ရာမှာ အဓမ္မဝါဒီ(မမှန်သူ)နောက်ကို လိုက်ပြီး ဓမ္မဝါဒီတွေကို မဟုတ်မတရားစွပ်စွဲမိရင်တော့
မေးခွန်းအာဘော်
********************
မေးခွန်းရဲ့ ဒုတိယပိုင်းနဲ့ပတ်သက်လို့ နည်းနည်း ပြောစရာ ရှိတာက မြန်မာပြည်မှာ ဗုဒ္ဓဝါဒီလူဥပါသကာတွေ နဲ့ ရဟန်းတွေအကြား ဘုန်းကြီးကျောင်းပိုင်ဆိုင်
ဘုန်းကြီးအချင်းချင်းပဲ ဘုန်းကြီးကျောင်းပိုင်ဆိုင်
စိတ်ထားမှန်စေ
********************
အစစ်ပါပဲ။ သံဃာကွဲရင် လူတွေကွဲတယ်။ ကျေး ရွာနှစ်ခြမ်းကွဲတယ်။ လင်မယားကွဲတာတောင် တွေ့ဖူးပါတယ်။ ကျမ်းဂန်မှာပြတာက ကိုယ်စောင့်နတ်တွေလည်း ကွဲတယ်။ အဲဒီကတစ်ဆင့် မြေကိုမှီတဲ့နတ်တွေ၊ အာကာသမှာနေတဲ့ နတ်တွေ ကွဲတယ်၊ ဗြဟ္မာ့ဘုံအထိ အရိယာဖြစ်ပြီးတဲ့ပုဂ္ဂိုလ်တေ
ဒါပေမဲ့ သံဃာကွဲခြင်းကိစ္စဟာ ဗုဒ္ဓ သက်တော်ထင် ရှားရှိစဉ်မှာတောင် ဖြစ်ခဲ့ဖူးတာမို့ လူ့သဘာဝနဲ့ သမိုင်းစဉ်အရ ရှောင်လွှဲမရနိုင်တဲ့ အခြေအနေတစ်ရပ်လို့ပဲဆိုပါရေ
လာကမှာ သက်ရှိရောသက်မဲ့ပါ ဖိုဓာတ်မဓာတ် (ဆန့်ကျင်သဘာဝ)နှစ်မျိုးဟာ ခွဲမရသလို မည်သည့်လူ့အသိုင်း အဝိုင်းမှာမဆို သဘောထား ကွဲပြားတဲ့အုပ်စုတစ်စုဟာ ရှိစမြဲ ပါ။ ဒါကြောင့် မလွှဲသာလို့ အဲဒီလို(ကွဲပြားမှု)ဖြစ်လာရင
(အရှင်ကေလာသ ဆရာတော်၏ ၀က်ဘ်ဆိုက်မှ ကူးယူဖော်ပြပါသည်။)
#TheFlowerNews
Credit - Yangon Media Group
No comments:
Post a Comment