------------
အသက် ၃၆ နှစ်ရှိ ဦးမျိုးမင်း ထွန်း ပြုံးလိုက်ချိန်တွင် ပေါ်လာသည့် အနီရောင်သွားများက နှစ်ပေါင်းများ စွာ ကွမ်းစားခဲ့သူဖြစ်ကြောင်း ဖော် ပြနေသည်။ ထုံးသုတ်ထားသည့်ကွမ်း ရွက်အတွင်း ကွမ်းသီးနှင့်ဆေးရွက် ကြီး ထည့်ထားသည့် ကွမ်းယာကို ယူရင်း ဦးမျိုးမင်းထွန်းက “၃ ယာ လောက် ဆက်တိုက်စားလိုက်ရင် စီး ကရက်တစ်ဘူးသောက်တာနဲ့ ညီမျှ တယ်” ဟု ပြောကြားသည်။ ရန်ကုန် မြို့လယ်ရှိ လက်ဖက်ရည်ဆိုင်တစ် ဆိုင်တွင် အလုပ်လုပ်နေသည့် ဦးမျိုး မင်းထွန်းသည် ဆယ်ကျော်သက်အ
ရွယ်ကတည်းက ကွမ်းစားခဲ့သူဖြစ်ပြီး လက်ရှိတွင် တစ်ရက် ကွမ်းယာ ၄၀ ခန့် စားသုံးနေသည်ဟုဆိုသည်။
ကွမ်းယာမှာ မြန်မာနိုင်ငံတွင် လူ ကြိုက်များသည့် အစားအစာတစ်မျိုး ဖြစ်ပြီး လက်ဖက်ရည်နှင့်ကော်ဖီကဲ့ သို့ပင် စားသုံးသူ၏ စိတ်အား လန်း ဆန်းစေသည်ဟုခံစားမိစေသည့် အ စားအစာဖြစ်သည်။ ရန်ကုန်မြို့လမ်း ထောင့်တိုင်းလိုလိုတွင် ကွမ်းယာဆိုင် များတွေ့နိုင်ပြီး အဆောက်အအုံမှာ လည်း နီနီရဲရဲကွမ်းတံတွေးများဖြင
ကွမ်းစားသုံးသူများမှာ သွားများ နီရဲခြင်းအပြင် ကင်ဆာရောဂါအပါအ၀င် ကျန်းမာရေးပြဿနာ များနှင့် ကြုံတွေ့နိုင်သည်ဟု လေ့လာမှုများက ဖော်ပြသည်။ ထိုင်ဝမ်တရုတ်ဆေး တက္ကသိုလ်မှ ပါမောက္ခယင်ချန်ကို သည် ကွမ်းယာ၏ကျန်းမာရေးအကျိုး သက်ရောက်မှုကို ၁၉၉၀ ပြည့်လွန် ကတည်းက သုတေသနပြုနေခဲ့သူ ဖြစ်သည်။ ကွမ်းယာတွင် ဆေးရွက် ကြီးပါဝင်ခြင်းရှိရှိ၊မရှိ ခံတွင်းကင်ဆာ မျိုးစုံဖြစ်စေနိုင်သည်ဟု ယင်ချန်ကို ကဆိုသည်။ ကွမ်းစားခြင်းသည် အ ၀လွန်ခြင်း၊ အစာချေစနစ်ဆိုင်ရာရော ဂါများနှင့် နှလုံးရောဂါတို့နှင့်ပါဆက် စပ်နေသည်ဟုဆိုသည်။ ကွမ်းယာသည် စွဲလန်းစေတတ်သည့် အစားအစာဖြစ်ပြီး ဖြတ်ရန်အလွန်ခက်ခဲသည်။
တောင်နှင့် အရှေ့တောင်အာရှ ယဉ်ကျေးမှုတွင် ကွမ်းယာက နက်နက် ရှိုင်းရှိုင်း ပါဝင်လျက် ရှိသည်။ ရှေး ဟောင်းသက္ကတစာပေများတွင် ကွမ်း ယာအကြောင်းဖော်ပြထားပြီး ဗီယက် နမ်တွင်တွေ့ရှိခဲ့သည့် ကြေးခေတ်က သွားများတွင်လည်း ကွမ်းစားသုံးထား ကြောင်းတွေ့ရသည်။ ဒေသတွင်းတွင် ကွမ်းယာမှာ လက်ထပ်မင်္ဂလာပွဲအ ပါအ၀င် ပွဲလမ်းများတွင် ပါဝင်လေ့ရှိ ပြီး ၀က်ခြံနှင့် ခံတွင်းနံ့ နံ့ခြင်းတို့ကို ကုသရန်လည်း အသုံးပြုကြသည်။ အချို့ဒေသများတွင် ကွမ်းယာအား မိတ်ဖွဲရန်နှင့် လူမှုရေးအဆင်ပြေမှုအ ဖြစ် အသုံးပြုကြပြီး ကမ္ဘောဒီးယား ဆိုရိုးတစ်ခုတွင် ဆွေးနွေးမှုအားလုံး ကွမ်းယာကစတယ် ဟုပါရှိသည်။ ကမ္ဘာတစ်ဝန်းတွင် ကွမ်းယာစားသုံး သူ သန်း ၆၀၀ ခန့်ရှိပြီး အများစုမှာ အာရှမှဖြစ်သည်။ အရက်၊ ဆေးရွက် ကြီးနှင့် ကာဖိန်းဓာတ်ပါဝင်သည့် အ စားအစာများပြီးနောက် ကွမ်းယာသည် စတုတ္ထမြောက် စားသုံးမှုအများဆုံး စိတ်ကိုပြောင်းလဲစေသည့် အစားအစာဖြစ်သည်ဟု WHO ကဆိုသည်။
“ပထမဆုံးအကြိမ်စားရင် မူးပေမဲ့ နောက်ပိုင်းအသားကျသွားမယ်။ ဆေးလိပ်လိုပါပဲ” ဟု ကွမ်းယာရောင်း သူတစ်ဦးကဆိုသည်။ သူက စီတန်း ထားသည့် ကွမ်းရွက်များပေါ်တွင်ကွမ်း သီးနှင့် ဆေးရွက်ကြီးခြောက်များ ထည့်နေပြီး တစ်ခါတစ်ရံ ဖာလာစေ့ ကဲ့သို့ အမွှေးကြိုင်များထည့်လေ့ရှိ သည်။ “ဖောက်သည်တွေက ဘယ် လိုလူမျိုးတွေလဲ” ဟု မေးသည့်အခ သူက အနီရောင်သွားများပေါ်အောင် ပြုံးရင်း “ဗမာ၊ အိန္ဒိယ၊ မွတ်ဆလင် အစုံပါပဲ။ သူတို့ သွားတွေကြည့်ပြီး သိနိုင်ပါတယ်” ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ဆေးရွက်ကြီး ထိန်းချုပ်ရေးဥပဒေအား ၂၀၀၆ က ပြဋ္ဌာန်းခဲ့ပြီး ဆေးရုံနှင့်ကျောင်းကဲ့ သို့ အများပြည်သူနှင့်သက်ဆိုင်သေ
အချို့အာရှနိုင်ငံများက ကွမ်းစား ခြင်းကို ပိုမိုထိန်းချုပ်လာကြသည်။ ပါပူအာနပူးဂီနီတွင် မနှစ်က မြို့တော် ပို့မော်စဘီ၌ ကွမ်းစားခွင့်ပိတ်ပင်ခဲ့ သည်။ သို့သော် ကန့်သတ်ချက်မှာ မြို့တော်လမ်းမဘေးတွင် ကွမ်းတံ တွေးများ ပေကျံမှုကိုတားဆီးရန်အ ဓိကရည်ရွယ်ပြီး ကျန်းမာရေးအတွက် အဓိကရည်ရွယ်ခြင်းမရှိပေ။
အခြား ပြဿနာတစ်ရပ်မှာ ဆေးရွက်ကြီး တိုက်ဖျက်ရေးဥပဒေများသည် ဆေး လိပ်သောက်သုံးမှုကိုသာ အဓိက ထားပြီး ကွမ်းယာကဲ့သို့ အခြားပုံစံ ဖြင့် စားသုံးမှုအား အာရုံစိုက်လေ့မရှိ ခြင်းဖြစ်သည်။ WHO ၏ ဆေးရွက်ကြီး တိုက်ဖျက်ရေးအဖွဲ့ ဒေသဆိုင် ရာအကြံပေးက “ဒီအလေ့အကျင့်က ကျွန်တော်တို့လုပ်ငန်းတွေကု
KHTun
The Ladies News Journal

No comments:
Post a Comment