Thursday, August 14, 2014

ကန့်ဘလူမြို့မှာ လယ်သမား ၁ဝဝဝ ကျော် ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့မှာ ရွှေဘိုခရိုင်အတွင်းမှာရှိတဲ့ တောင်သူလယ်သမား တစ်ထောင်ကျော်ဟာ သိမ်းဆည်းခံ လယ်ယာမြေတွေ ပြန်လည်ရရှိရေးနဲ့ အကျဉ်းကျခံတောင်သူတွေ ပြန်လွှတ်ပေးဖို့ ဒီနေ့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ကန့်ဘလူမြို့နယ်၊ ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်နဲ့ ရွှေဘိုမြို့နယ်က လယ်ယာမြေ
သိမ်းဆည်းခံထားရတဲ့ တောင်သူတွေဟာ ကန့်ဘလူမြို့အဝင်မှာရှိတဲ့ အားကစားကွင်းမှာစုရုံးကြပြီး ကန့်ဘလူမြို့ရဲ့ လူစည်ကားရာနေရာတွေနဲ့ အစိုးရရုံးပေါင်းစုံရှေ့ကို ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Photo: Hset Paing Toe/RFA

  
 

No comments:

Post a Comment