Thursday, August 14, 2014

မယားကို ဓါးနဲ့မွမ်း သမီးကို ခေါင်းကွဲအောင်ရိုက်တဲ့ ခင်ပွန်းကို ကွာရှင်းခွင့်တောင်း.....

၁၂၊၈၊၂၀၁၄ရက်နေ့က ကသာမြို့နယ် ဒုတိယတရားသူကြီးရုံးသို့ လင်မယားကွာရှင်းပြတ်ဆဲလိုကြောင်း ဦးတိုက်လျှောက်တင်လွှာတင်သွင်းခဲ့ရာ ဒုတိယတရားသူကြီးမှ
နှစ်ဦးသဘောတူညီချက်အရ ကွာရှင်းခွင့်ပြုခဲ့ကြောင်း သတင်းရရှိပါသည်၊ မယားဖြစ်သူ၏ လျှောက်လွှာတွင် စေတီကုန်းရွာနေ ခင်ပွန်းဖြစ်သူ စိုးဦး(အသက် ၃၉နှစ်)နှင့် သူမတို့တွင်
ကလေး(၅)ယောက်ရှိကြောင်း၊
စိုးဦးသည် ယခင်ကလည်း အရက်မူး၍ ၄/၅ခါလောက် ရက်စက်စွာ ရိုက်နှက်ဖူးကြောင်း၊ ခေါင်းတစ်ခုလုံး ကြိမ်းနေသည်အထိ ရိုက်နှက်ခံခဲ့ရဖူးကြောင်း၊
ယခုအခါတွင် ပိုမိုဆိုးရွားလာပြီး ၁၁၊၈၊၁၄ရက်နေ့ညနေက သူမ၏ နား(၂)ဖက်ကို ဓါးဖြင့်မွမ်းခဲ့ရုံမက အကြီးဆုးံဖြစ်သည့် (၁၈)နှစ်သမီးဖြစ်သူ၏ ဦးခေါင်းကိုပင် ပေါက်ပြဲအောင် ရိုက်နှက်ခဲ့သဖြင့် လင်စိတ်
မယားစိတ်ကုန်ခါ ကွာရှင်းလိုသည့် ဆန္ဒသာရှိကြောင်းတရားရုံးတွင် ထွက်ဆိုခဲ့ရာ စိုးဦးမှလည်း နှိပ်စက်မိကြောင်း ၀န်ခံ၍ မယားဆန္ဒအတိုင်း ကွာရှင်းပေးခဲ့ကြောင်း 

သိရှိရပါသည်။
Credit - ဟာဂျူလီ ကသာ (Facebook)


 
 
 

No comments:

Post a Comment