Sunday, August 10, 2014

(၈၈၈၈ ..အမှတ်တရ) စစ်ကိုင်းမြို့လယ်ခေါင် လူသတ်ပွဲ၊ ပစ်မိန့်ပေးခဲ့သူ.. စစ်ကိုင်းတိုင်းကောင်စီဥက္ကဌ ဗိုလ်မှူးကြီးသူရကျော်စွာ

၁၉၈၈ အရေးအခင်းမှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူကတော့ စစ်ကိုင်းတိုင်းကောင်စီဥက္ကဌ ဗိုလ်မှူးကြီးသူရကျော်စွာပဲဖြစ်ပါတယ်၊ သူဟာ စစ်ကိုင်းမြို့က ဆန္ဒပြတဲ့လူထုကို လေးဘက်လေးတန်
ပြေးပေါက်မရှိအောင် ပိတ်ပြီး ပစ်သတ်ခိုင်းခဲ့တဲ့ အာဏာရူးတစ်ယောက်ပဲ ဖြစ်ပါတယ်၊ စစ်ကိုင်းမြို့က (လဘက်ရည်ဆိုင်ပိုင်ရှင်လို့ ထင်ပါတယ်) နိုင်ငံရေးသမားတဦးကို ဖမ်းရာကနေစပြီး နေ့လည် ၂ နာရီမှာ ရဲစခန်းရှေ့ကို လူတွေ စုမိပြီး နိုင်ငံရေးသမားကြီး ပြန်လွှတ်ပေးဖို့တောင်းဆိုကြပါတယ်၊ ရဲစခန်းရဲ့ အပြင်ဘက်ကနေ နေရာယူထားကြတဲ့ လုံထိမ်းတွေနဲ့ ရဲစခန်းအတွင်းက ရဲတွေကပါ တချိန်ထဲ

ညှပ်ပူးညှပ်ပိတ် ပစ်သတ်ဖို့ သူရကျော်စွာက အမိန့်ပေးခဲ့ပါတယ်၊ ၊ သူဟာ တဏာရူးတစ်ယောက်ဖြစ်ပြီး အနေအထိုင်လည်း ပက်စက်တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်၊ သူ ကသာကို
လာပြီဆိုရင် မြို့နယ်အဆင့် ကောင်စီလူကြီးတွေက (အဲဒီခေတ်ကဗီဒီယိုခေတ်) အပြာကားဗီဒီယိုခွေတွေ ရှာပေးရပါတယ်၊ အဲဒီအခွေတွေကို တစ်ညလုံး မထတမ်းကြည့်တဲ့ သူဖြစ်ပါတယ်၊ ဒီဖြစ်စဉ်ကို
မယုံတဲ့သူတွေ မဆလခေတ် (စစ်ကိုင်းတိုင်းထဲက ဘယ်မြို့ကမဆို) မြို့နယ်ကောင်စီလုပ်ခဲ့တဲ့သူတိုင်းကို မေးကြည့်လို့ရပါတယ်၊အပြာ ဇာတ်ကားအဟောင်းတွေပြရင် ဒါမှမဟုတ် သူကြည့်ပြီးသားတွေ
ဖြစ်နေရင် အဲဒီမြို့နယ်ကောင်စီဥက္ကဌ တော့ မအေ နှမတွေ အတွဲလိုက် ဆဲခံရတော့တာပါပဲ၊ အဲဒီခေတ် မြို့နယ်ကောင်စီဥက္ကဌဆိုတာတွေကလည်း ဗိုလ်မှူးအဆင့်တွေပါပဲ၊ ဒါတော့ ဗိုလ်မှူးကြီးသူရကျော်စွာရဲ့
တဏာနဲ့ပတ်သက်တဲ့ သမိုင်းပါပဲ၊
ဘယ်သူမှ လူမထင်ပဲ လုပ်ချင်ရာ လုပ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုလည်း စစ်ကိုင်းမြို့မှာ ဖြစ်ခဲ့ဖူးပါတယ်၊ အဲဒီဖြစ်စဉ်ကို သူ့ရဲ့ယာဉ်မောင်းကိုယ်တိုင် ပြောပြခဲ့တာပါ၊ ဗိုလ်မှူးကြီးသူရကျော်စွာဟာ တဏာခွေတွေကို
ညတိုင်း မအိပ်တမ်းကြည့်လေ့ရှိလို့ နေ့လည်တွေမှာ အိပ်ငိုက်လေ့ရှိပါတယ်၊ တစ်ရက်က စစ်ကိုင်းမြို့မှာ (အဲဒီခေတ်က စစ်ကိုင်းဟာ တိုင်းမြို့ဖြစ်ပါတယ်)ဆရာဝန်အစည်းအဝေးလုပ်ပါတယ်၊
ဆရာဝန်အစည်းအဝေးမှာ အမှာစကားပြောဖို့ ဗိုလ်မှူးကြီးသူရကျော်စွာဟာ တိုက်ပုံအကျီင်္အဖြူရောင်ဝတ်ပြီး ကားနဲ့လာခဲ့ပါတယ်၊ ညအ အပြာကားတွေကြည့်ထားလို့ ကားစီးလာရင်းနဲ့ ဗိုလ်မှူးကြီးသူရကျော်စွာဟာ
အိပ်မောကျလာပါတယ်၊ သူ့ပါးစပ်က ကွမ်းဝါးရင်း အိပ်တာဖြစ်လို့ကွမ်းတွေးတွေဟာ သူ့တိုက်ပုံပေါ်ကို ယိုစီးကျနေပါတယ်၊ဆရာဝန်အစည်းအဝေးလုပ်မယ့် ခန်းမရောက်တော့ သူ့ယာဉ်မောင်းက သူရကျော်စွာကို
မနည်းကြီး နိုးရပါတယ်၊ အတော်ကြာကြာနိုးတော့မှ ထလာပြီး ကားအောက်ကို ဆင်းပါတယ်၊ အဲဒီမှာ သူ့ယာဉ်မောင်းက ကွမ်းတွေးတွေ စွမ်းနေတဲ့ သူရကျော်စွာရဲ့တိုက်ပုံအဖူကို လက်ညိုးထိုးပြတော့
သူရကျော်စွာက တိုက်ပုံကို ခပ်ကြမ်းကြမ်းဆွဲချွတ်လိုက်ပြီး တိုက်ပုံမ၀တ်တော့ xီး ဖြစ်လား ဆိုပြီး အတွင်းထဲက ရှပ်အကျီင်္နဲက အမှာစကား တက်ပြောခဲ့ပါတယ်၊ အဲဒီခေတ်က အဲဒီအစည်းအဝေးကိုတက်ခဲ့တဲ့
ဆရာဝန်ကြီးတွေ မှတ်မိကြမယ်ထင်ပါတယ်၊ အဲဒီလောက် ထင်တိုင်းကြဲခဲ့တဲ့ တဏာရူးဖြစ်တာနဲ့ အညီ အာဏာကို လက်လွတ်ရမှာစိုးလို့ လက်နက်မဲ့တဲ့ လူရာပေါင်းစွာကိုသတ်ခဲ့တာ ဖြစ်ပါတယ်၊ သူသတင်းနောက်ဆုံးကြားရတာကတော့
မဟာ အံ့ထူးကံသာမှာ ဂေါပကလုပ်သွားခဲ့တယ် ဆိုတာပါပဲ၊ ဘာပဲပြောပြော သေချာတာတစ်ခုကတော့ သူ့သားစဉ်မျိုးဆက်တွေအကုန်လုံးဟာ “ကျွန်တော်တို့ဟာ စစ်ကိုင်းတိုင်းကောင်စီဥက္ကဌ လုပ်ခဲ့တဲ့ ဗိုလ်မှူးကြီးသူရကျော်စွာရဲ့ သာသမီး မြေးမြစ်ပါလို့
မပြောရဲကြတဲ့ ဘ၀မျိုး ဖြစ်ကုန်ကြတာပါပဲ၊ဗိုလ်မှူးကြီးသူရကျော်စွာရဲ့ဘ၀ဟာ လူမသေပေမယ့် သားစဉ်မြေးဆက် နာမည်သေသွးခဲ့တဲ့သူလို့ပဲ ဆိုကြရတော့မှာပါပဲခင်ဗျာ..(ဟာဂျူလီ-ကသာ)
(ဓါတ်ပုံ ..၉ /၈/ ၁၉၈၈) စစ်အာဏာရှင် အာဏာရူးတို့ရဲ့ စစ်ကိုင်းလူသတ်ပွဲ

ဒီအဖေနဲ့အမေ ပစ်အသတ်ခံရ
ဒီမောင်နှမ၃ယောက်ကျန်ခဲ့
ဒီနေ့ ၂၆ နှစ်ပြည့်


Photo-နေနွယ်-စစ်ကိုင်း 
ပြန်လည်မျှဝေပေးပါတယ်လေးစားလျက် (Martin Swe)

 
 
 
 
 
 

 

No comments:

Post a Comment