Thursday, August 14, 2014

တက္ကသိုလ်ဝင်ခွင့် ပုံစံပြောင်းလဲမှု ကျောင်းသား၊ ကျောင်းသူများအတွက် အခွင့်အလမ်းသစ်လား

လာမည့်ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးမည်ဖြစ်သဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားကြသည့် ကျောင်းသူ၊ ကျောင်းသားများအနေဖြင့် မိမိဝါသနာပါရာ ဘာသာရပ်များကို အရည်အချင်းနှင့် ဆန္ဒအပေါ်မူတည်၍ ရွေးချယ်တက်ရောက်နိုင်မည့် အခွင့်အလမ်းမျိုး ရရှိလာနိုင်မည်ဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့်
စိစစ်ရွေးချယ်သည့်ပုံစံကို ပြောင်းလဲကျင့်သုံးရန် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ပညာရေးအကြံပေးပညာရှင်များက ဇူလိုင် ၁၈ ရက်တွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပသည့် ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ခဲ့ကြသည်။ နှစ်စဉ် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသည့် ကျောင်းသူ၊ ကျောင်းသားများ ကြုံတွေ့ရမြဲဖြစ်သည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်ဝင်ခွင့်ရရှိရန် အခွင့်အလမ်းနည်းပါးစေသည့် ကန့်သတ်ထားသည့် ဝင်ခွင့်အမှတ်များ မြင့်တက်ခြင်း၊ ကျောင်းသားလက်ခံမှုဦးရေ လျှော့ချခြင်း စသည့်ပြဿနာများကို လျော့ပါးသွားစေနိုင်မည်ဖြစ်သည်။

သတင်းဆောင်းပါးအပြည့်အစုံ - http://www.7daydaily.com/story/18271


Credit - 7Day News Journal

No comments:

Post a Comment