Thursday, August 14, 2014

သင်္ချာနိုဘယ်ဆုကို အမျိုးသမီးများထဲမှ ပထမဆုံးအကြိမ်အဖြစ် အီရန် အမျိုးသမီးဆွတ်ခူး

သင်္ချာနိုဘယ်ဆုအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ခံရသည့် ဂုဏ်သိက္ခာကြီးမားသော Fields Medal ဆုကို အမျိုးသမီးများထဲမှ ပထမဆုံးအကြီမ်အဖြစ် အီရန်ဖွား သင်္ချာပညာရှင် တစ်ဦးက ဆွတ်ခူးခဲ့သည်။
ဗုဒ္ဓဟူးနေ့က ဆိုးလ်တွင်ကျင်းပသော နိုင်ငံတစ်ကာ သင်္ချာပညာရှင်များ ကွန်ဂရက် (ICM) ကွန်ဖရင့်တွင်
ICM က ဆုရရှိသူများ စာရင်းကို ကြေညာရာ ဟားဗက်တက္ကသိုလ်ထွက် သင်္ချာ ပညာရှင်၊ ကယ်လီဖိုးရီးယားရှိ စတန့်ဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခ ဖြစ်သူ မေရီယမ် မီယာဇက်ခါနီ ၏ အမည်ပါဝင်ခဲ့သည်။
အခြားသုံးဦးမှာ ပြင်သစ်မှ အာတာအေဗီလာ၊ နယူးဂျာစီပြည်နယ် ပရင်စတန် တက္ကသိုလ်မှ မန်ဂျူလ် ဘဟာရ်ဂါဗာ နှင့် ဗြိတိန် ၀ါးဝစ် တက္ကသိုလ်မှ မာတင်ဟိုင်ရာတို့ဖြစ်သည်။
Ref : Yangon Media Group
 
 
 

No comments:

Post a Comment