Tuesday, August 12, 2014

ကျသင့်ငွေများထဲက တစ်ထောင်ကျပ်လိုငွေပြသည့်အတွက် အနှိပ်ခန်း ဆိုင်ပိုင်ရှင်နှင့် ရဲအရာရှိများ အငြင်းပွား

မနေ့ည(10.8.2014)ရက်နေ့ည ( ၁၀ နာရီ ၁၅ )မိနစ်အချိန်တွင် မုံရွာမြို့၊ မြို့သစ်ရပ်ကွက်ရှိ seven star ကေတီဗီနှင့် အနှိပ်ဆိုင်ကြီးတွင် ရဲအရာရှိတစ်ဖွဲ့နှင့် ကေတီဗီဆိုင်ဝန်ထမ်းများ ပြေလည်မှုမရရှိသည့်အတွက် စကားခွန်းကြီး ခွန်ငယ်များခဲ့ကြောင်း သိရသည်။
ထိုသို့ စကားများရခြင်းမှာ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး သိင်္ခ၀င်း ဆိုသူသည် ၎င်း၏ မိတ်ဆွေသူငယ်
ချင်းများအား ခေါ်ယူပြီး အဆိုပါဆိုင်၌ တည်ခင်းဧည့်ခံရာတွင် ကျသင့်ငွေ ( ၅၆၀၀၀)ကျပ်ကျခဲ့ရာ ထိုသူမှ ငွေကျပ်(၅၅၀၀၀)ကျပ်အား ထုတ်၍ အကြေအလည်ပေးဆပ်ခဲ့သည်။
ထိုသို့အကြောင်းအချင်းအရာပေါ်၌ လိုငွေကျပ်တစ်ထောင်အား ဆိုင်ရှင်မှ အငြင်းပွားကာ အဆိုပါ ရဲအရာ ရှိများကို မထီမဲ့မြင် ပြောဆိုဆက်ဆံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အနှိပ်ခန်းနှင့် ကေတီဗီဆိုင်ကြီးသည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း လုံခြုံရေးအရာရှိ ယခင် မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး(အငြိမ်းစာ) ဒုတိယရဲမှူးကြီး တင်ထွဏ်းမှ မကြာခဏ ၀င်ထွက်သွားလာ လေ့ရှိပြီး ထိုဆိုင်နှင့် ရင်းနှီးကျွမ်းဝင်လျက်ရှိသည်။ ထိုမျှမက အခြားသော ဌာနဆိုင်ရာ လူကြီးများလည်း သွားရောက်လေ့ရှိကြောင်း သိရသည်။
ထို့ကြောင့် ယခုကဲသို့ ဆက်ဆံလိုက်ခြင်းဖြစ်နိုင်ကြောင်း သိရသည်။


Monywa Times

Ref ; ဟာဂျူလီ ကသာ (Facebook)

No comments:

Post a Comment