အခုတလောမှာ အများပြည်သူရဲ့ ဝေဖန် ချက်၊ မီဒီယာတွေရဲ့သုံးသပ်ချက်နဲ့
ဒီအချိန်မှာပဲ အဲဒီပုဂ္ဂိုလ်ကြီးက“အကြောင်း
ဒီလိုပဲ အများက လက်ညှိုးနဲ့ထိုး၊ က လောင်နဲ့ထိုး၊ ဖေ့စ်ဘွတ်စတေးတပ်နဲ့ ဘေးကပ် ပြီးထိုးနဲ့ ၀ိုင်းအထိုးခံ နေရတဲ့ ““ရန်ကုန်မြို့ သစ်စီမံကိန်း”” ကြီးဟာလည်း လျှောက်စမ်း တို့ သောက်ရမ်းတို့မလုပ်တော့ပဲ နောက်တစ် လှမ်း ဆုတ်တာလား၊ (ထိုးမယ့်တကဲကဲဆင် ကြီး)အမြီးကုတ်၊ အပြီးဆုတ်တာလား မသိရ ပေမယ့် ဆုတ်တော့ ဆုတ်ခွာသွားပြန် ပါပ ကော။ ““ဒီလောက်တောင် ဖြစ်နေကြတာ၊ သူများတို့တော့ လုပ်ချင်တော့ဘူး၊ သိလား””လို့ တကယ်ကြီးကို စိတ်ဆိုးမာန်ဆိုး၊ ခြေ ဆောင့် ထွက်သွားတာမျိုးဖြစ်နိုင်သလ
ဒီတော့လည်း လွှတ်တော်က ဒီစီမံကိန်း ကို အတည်ပြုပေးဖို့ ရက်သတ်မှတ်ထားရာမှာ မေးခွန်းတွေမေးဖို့ရှိရင် မီဒီယာအင်တာဗျူး သလို တစ်ဦးပြီးတစ်ဦး လူပုံလည် ထထမေး ကြတဲ့ နိုင်ငံတကာသုံး ခပ်တုံးတုံးစနစ်အစား ““ကြိုတင် ကွက်ရှင်အောက်ဖို့ နှစ်ရက်လောက် အချိန်ပေးမှာမို့ စာပို့ပြီးသာမေးကြစေ”” လို့ လုပ်လိုက်တယ်လေ။ ဒီလိုနှစ်ရက်တည်း အ ချိန်ပေးတာတောင် ဒေါ်ညိုညိုသင်းတစ်ယောက် တည်းကတင် မေးခွန်း ၁၇ ခု မေးခဲ့နိုင်တယ် လို့ ဆိုပါတယ်။ ဒီစီမံကိန်း ကနေ ဘီလီယံ ၃၀ ကနေ ၇၅ အထိ မြတ်စွန်းနိုင်တာမို့ မြန် မာပြည်သူတွေအားလုံး ဘီလျံနဲ့ချီပြီးနာသွား မယ့် ဘီလျံနာတွေ မဖြစ်ကြရအောင် နိုင်ငံ တော်ကပဲ ဒီစီမံကိန်းမျိုးကို လုပ်သင့်တာမဟုတ် လားလို့လည်း မေးခဲ့တယ် ဆိုပါတယ်။ အဖြေ ကတော့ ဆင်ကြံကြံနေတဲ့ ထိုးမယ့် တကဲကဲ ဆင်ကြီးက “ဆင်မယဉ်သာ” ထွက်ခွာသွားပါ ပြီ ဆိုတာပါပဲ။
နောက် လိမ်လည်းလိမ်၊ လည်လည်းလည်၊ ကြီးလည်းကြီးလွန်းလှတဲ့ လိမ်လည်သူကြီးအ ဖြစ် မကြည့်ချင် မြင်ရက်သား ဖြစ်ဖြစ်နေတာ ကတော့ အမ်ပီတီဆိုတဲ့ မြန်မာဆက်သွယ် ရေးကြီးပါပဲ။ ဒါကြီးအကြောင်းက အားလုံး လည်း သိပြီးသားမို့ အထူးပြောစရာလိုမယ် မထင်ပါဘူး။ ဒါပေမဲ့ ကိုယ့်အနေနဲ့ ပိုစိတ်နာ မိတာလေးတွေ နည်းနည်းပြောရရင် အဲဒါ ကြီးက ဟမ်းဖုန်းတစ်လုံးကို ၁၅ သိန်းနဲ့ အေး ဓားပြစတိုက်နေချိန်မှာ ကိုယ်ကတော့ ကိုယ် နဲ့မဆိုင်သလိုနေခဲ့တာ ပါပဲ။ အဲဒီအချိန်မှာ လူတွေက လမ်းဘေးမှာပုံစံဝယ်၊ ဖုန်းလျှောက်၊ ဖုန်းပေါက်ရင် ၁၅ သိန်းနဲ့ဝယ် သိန်း၂၀၊ ၂၅ နဲ့ ရောင်းစား အလုပ်ဖြစ်ကြတယ် ဆိုတဲ့ကာလ ပေါ့။ အမှန်တော့ ကိုယ်က အစိုးရဧည့်သည် တော်အဖြစ် ငါးနှစ်သွားနေရာက ပြန်ရောက်စ စာရေးတာကလွဲပြီး အလုပ်မရှိပါဘူး။ ဒါပေမဲ့ ကိုယ်တုံးပုံကို ရှက်ရှက်နဲ့ပြောရရင် ဖုန်းမကိုင် မသုံးနိုင်ဘဲ ကံစမ်းမဲဝင်ဖေါက်ပြီး မဲပေါက်ရင် ရောင်းစားတာကတော့ မရိုးမသားလုပ်တာပဲ ဆိုပြီး တစ်ခါမှ ဖုန်းမလျှောက်မိခဲ့ပါဘူး။ ကိုယ့် မိသားစုကလည်း ဘယ်သူမှ မလျှောက်ခဲ့ ဘူး ဆိုပါတော့။ (ဖုန်းရောင်းစားဖို့မကြံဖူး
ဒါပေမဲ့ သမီးတစ်ယောက်က ရုတ်တရက် နိုင်ငံခြားသွားအလုပ်လုပ်တဲ
သူများနိုင်ငံမှာ အလကားပေးတဲ့ ဆင်း ကတ်ကို ၁၅ သိန်း (ဒေါ်လာ ၁၅၀၀)စီနဲ့ ဓားပြ တိုက်ခဲ့ပြီး ရှုံးပါတယ်လို့ ပြောတဲ့ဟာကမှ လိမ် တယ်မခေါ်ရင် ဘယ်ဟာကို ခေါ်ရမှာပါလိမ့်။ ၁၅ သိန်းကို ၅,၀၀၀ နဲ့တောင် မရောင်းနိုင် ပါဘူးပြောပြီး အခုတော့ ၁,၅၀၀ နဲ့ တီဗီက နေ ကြော်ငြာခများစွာ အကုန်ခံထည့်ရောင်း နေပြန်တာဟာ ဒါကိုမှ ညာတယ်မခေါ်ရင် ဘယ်ဟာကိုခေါ်ရမှာပါလဲ။ ကျွန်တော်ကဖြင့် တီဗီကြည့်ကောင်းနေတုန်း မုသားအတုံးအ တစ်နဲ့ ပေါ်ပေါ်လာတဲ့ အမ်ပီတီကြော်ငြာကို ကြည့်ရတာ ““မင်းတို့ကိုလိမ်ရတာ တကယ့် အရသာ””လို့ နားထဲကြားနေမိသလိုပါပဲ။ အခု ကော အမှန်ပြောပြီမို့လား။ ““နိုင်ငံတကာနဲ့ ဆက်သွယ်ပြောဆိုဖို့”” တဲ့ဗျာ၊ အော့အော့အော့။ ရွံစရာကောင်းပါဘိနော်။ ဖုန်းချင်း ဘေးချ ခေါ်ရင်တောင် ဆက်သွယ်ရေး ဧရိယာပြင်ပ အော် တတ်တဲ့လူလိမ်ကြီးများက တီဗီလိုင်း အစုံမှာ သံသရာကို မကြောက်တတ်စတမ်း ကျော်အောင်ညာနေတဲ့ ကြော်ငြာဝင်နေပုံက ဖြင့် ယိုသူမရှက် မြင်သူရှက်ပါပဲ။
အင်းလေ ကြော်ငြာခ ဘယ်လောက်ဈေး ကြီးဦးတော့ သူတို့ငွေ တစ်ပြားတစ်ချပ်မပါ ပြည်သူချွေးနည်းစာများကို ခိုးထားတိုက်ထား တာနဲ့ သုံးစွဲရမှတော့ ပိုက်ဆံပေးပြီးတောင် လိမ်နိုင်ပြီပေါ့။ ဒါပေမဲ့ အမှန်ပြောတာတစ် ခွန်းတော့ ကြားလိုက်သဗျ။ အဲဒါက ကလေးမ ကလေးတစ်ယောက်ပြောတာက ““ကမ္ဘာနဲ့ တစ်ဝင်း””တဲ့၊ ပြောဆိုဆက်သွယ်ဖို့တဲ့။ ကမ္ဘာ တစ်ဝန်းကို ဆက်သွယ်ဖို့မဟုတ်ဘဲ ““ကမ္ဘာ နဲ့တစ်ဝင်း””လို့ ဆိုတာမို့ “မောင်ကမ္ဘာ”ဆို တဲ့ကောင်လေးနဲ့ ၀င်းတစ်ဝင်းတည်း ပြောဖို့ တွက်ပဲဆိုရင်တော့ ပြောလို့ ဖြစ်လောက်ပါ တယ်နော်။ (ဒါတောင် ဧရိယာ ပြင်ပဖြစ်ချင် ဖြစ်ဦးမှာ)။
ဒီတော့ လိမ်ကြလည်ကြတဲ့ လိမ်လည်သူ ကြီးများထဲမှာ ခေါင်းလောင်းဆယ်သူကြီးလည်း ရပ်၊ ရန်ကုန်မြို့သစ် စီမံကိန်းကြီးလည်း ရပ် သလို ဆက်သွယ်ရေးကြီးကလည်း နိုင်ငံ တကာကကြားရင် ၀ယ်သူရောရောင်းသူပါ အရှက်ကွဲလို့ ပြောမပြရဲတဲ့ ဈေးနဲ့ရောင်းခဲ့တာကို လည်း အချိန်တန်တော့ ရပ်ပစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း စကားပုံဆိုရိုးတောင်ရှိသဗျ။
တစ်ခါ၊ ဒီလောက်လူလိမ်တွေပေါလှပြီး သူတို့က ၀န်လည်းမခံ၊ လိမ်တာလည်းမရပ်၊ လည်တာလည်း မလျှော့တဲ့ တိုင်းပြည်မှာ သူတို့တွေဝန်ခံစေဖို့ ဒါမှမဟုတ် သူတို့ကိုဖော် ထုတ်နိုင်ဖို့ရာ တစ်ခုခုလုပ်ရရင် ကောင်းမယ် လို့ ကျွန်တော် စဉ်းစားမိပါတယ်။ အဲဒါက တော့ မြန်မာနိုင်ငံမှာ အမှန်တရားပေါ်ပေါက် ရေးတို့၊ လူလိမ်ပပျောက်ရေးတို့ စိတ်ဝင်စား လောက်တဲ့ နိုင်ငံတကာက သန်းကြွယ်သူဌေး ကြီးတွေ ရှိနိုင်ပါတယ်။ ဥပမာ၊ ဘီလ်ဂိတ်တို့၊ ဂျော့ခ်ျဆိုးရိုးစ်တို့၊ တို့လိုပေါ့ခင်ဗျာ။ သူတို့ကို ဒေါ်လာတစ်သောင်းလောက် မတည်စေပြီး “မြန်မာ့လိမ်လည် သူကြီးများ အသင်း”ကို တည်ထောင်ပါမယ်။ မတည်သူများကိုတော့ လူလိမ်ဖော်ထုတ်ရေး စီမံကိန်းအတွက်ပါလို့ (လိမ်ပြီး) ပြောရမှာ ပေါ့နော်။ ဒီအသင်းကြီးမှာ ခေတ်အဆက်ဆက် ပြည်သူကိုဖြစ်စေ၊ နိုင်ငံ ကိုဖြစ်စေ၊ နိုင်ငံတကာကိုဖြစ်စေ အရှက်မဲ့ ဗြောင်ကျကျ လိမ်ခဲ့ကြသူတွေကိုယ်တိုင် ဂုဏ် ယူပြောပြမယ့် လူဘယ်လောက်များများကို ဘယ်လောက်ကြာကြာ ဘယ်လိုပိပိရိရိ ဒါမှ မဟုတ် ဘယ်လိုမျက်နှာပြောင်ပြောင် ဒါမှ မဟုတ် ဘယ်လို ဘလောင်းဘလဲလုပ်ပြီး လိမ်လည်ခဲ့တယ်ဆိုတာကို လျှို့ဝှက်မှတ်တမ်း နဲ့ သိမ်းဆည်းပေးမှာ ဖြစ်ပါတယ်။
ပြီးတော့ ဒီလျှို့ဝှက်မှတ်တမ်းတွေမှာ
ဒါဆိုရင် လျှို့ဝှက်မှတ်တမ်းအရ အလိမ် နိုင်ဆုံး တစ်ယောက်ရွေးနိုင်ခဲ့လို့ ဒေါ်လာတစ် သန်းပေးရမယ်ဆိုရင် ဘယ်ကငွေနဲ့ ပေးမှာ တုံးလို့ မေးစရာရှိပါလိမ့်မယ်။ ကျွန်တော်က တော့ မပူပါဘူး။ ဘာကြောင့်ဆိုတော့ မြန်မာ့ သမိုင်း တစ်လျှောက် အလိမ်နိုင်ဆုံးလူများကို ရွေးကြမယ်ဆိုရင် သူမသာကိုယ်တူအသုဘနဲ့ အတူတူနဲ့အနူနူ များစွာထွက်လာမှာ ဖြစ်ပြီး ၁၉၈၈ နောက်ပိုင်း လူလိမ်ကြီးများစာရင်းအရ ကိုပဲ ဥက္ကဋ္ဌသူဖြစ်ထိုက်တယ်၊ ငါဖြစ်ထိုက် တယ်နဲ့ အပြိုင်အဆိုင်လုကြရင်း အဖြေပေါ် မှာမဟုတ်ပဲ ဒေါ်လာတစ်သန်းပေးရမယ့်သူ ရှိလာမှာမဟုတ်ဘူးလို့ ထင်မိတာပါပဲ။
အင်း၊ ရဲရဲကြီးပြောနိုင်တာတစ်ခုကေ
ရီနေနိုင်
Credit - The Ladies News Journal
No comments:
Post a Comment